မအီမြို့နယ်တွင် စာမေပွဲဖြေဆိုသူ (၄၉၄)ဦးရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့နယ်တွင် စာမေပွဲဖြေဆိုသူ (၄၉၄)ဦးရှိ




MNP ၊ မတ်  ၃၁

၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၃၁) ရက်နေ့မှ စတင်၍တစ်ပြိုင်နက်တည်း ဖြေဆိုကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့နယ်တွင် အ.ထ.က(မအီ)စာစစ်ဌာနနှင့် အ.ထ.က(လမူးမော်)စာစစ်ဌာနတို့တွင် ယနေ့ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၄၉၄)ဦးတို့က အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းသိရသည်။ 


အ.ထ. က(မအီ) စာစစ်ဌာနတွင် မြန်မာစာဘာသာရပ်အားဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၃၂၃ )  ဦးရှိပြီး ယနေ့မြန်မာစာဘာသာရပ်ဖြေဆိုသူဦးရေစုစုပေါင်းမှာ (၂၉၃ ) ဦး ရှိကြောင်း၊ ဖြေဆိုရန်ပျက်ကွက်သူဦးရေမှာ ကျား(၁၈)ဦးနှင့် မ(၁၂)ဦး စုစုပေါင်း(၃၀)ဦးဖြစ်ကြောင်း၊ ဖြေဆိုရာခိုင်နှုန်းအနေဖြင့် ( ၉၀.၇၁ )ရာခိုင်နှုန်းနှင့် ပျက်ကွက်ရာခိုင်နှုန်းမှာ(၉.၂၉)ရာခိုင်နှုန်းရှိကြောင်း  အ.ထ.က(မအီ) စာစစ်ဌာနမှသိရသည်။

ထို့နောက် အ.ထ.က(လမူးမော်)စာစစ်ဌာနတွင် မြန်မာစာဘာသာရပ်အားဖြေဆိုရန် စာရင်းပေးသွင်းထားရှိသူ ကျောင်းသားကျောင်းသူစုစုပေါင်း(၂၂၉)ဦးရှိသည့်အနက် ယနေ့မြန်မာစာဘာသာရပ်ဖြေဆိုသူဦးရေစုစုပေါင်းမှာ (၂၀၁)ဦးရှိကြောင်းနှင့် ပျက်ကွက်သူဦးရေမှာ ကျား(၁၈)ဦးနှင့် မ(၁၀)ဦး စုစုပေါင်း(၂၈)ဦးဖြစ်ကြောင်းတို့ကို အ.ထ.က(လမူးမော်)စာစစ်ဌာနမှသိရသည်။

သို့ဖြစ်၍ ယခုနှစ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ အ.ထ.က(မအီ)စာစစ်ဌာနနှင့် အ.ထ.က(လမူးမော်)စာစစ်ဌာနတွင် မြန်မာစာဘာသာရပ်ဖြေဆိုသူကျောင်းသားကျောင်းသူစုစုပေါင်းဦးရေမှာ (၄၉၄)ဦးနှင့် ပျက်ကွက်သူဦးရေ(၅၈)ဦးရှိကြောင်းသိရသည်။


သတင်း - မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)