ရမ်းဗြဲမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၁၀)ခုတွင် ကျောင်းသား/ ‌ကျောင်းသူများအေးချမ်းစွာ‌ဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၁၀)ခုတွင် ကျောင်းသား/ ‌ကျောင်းသူများအေးချမ်းစွာ‌ဖြေဆိုလျက်ရှိ








MNP ၊ မတ်  ၃၁

၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝှမ်းလုံး၌ ယနေ့နံနက်(၉) နာရီအချိန်ကစတင်၍ မြန်မာစာ ဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ စာစစ်ဌာန (၁၀)ခုတွင် ကျောင်းသား/ကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာဖြေလျက်ရှိကြောင်းသိရသည်။

ရမ်းဗြဲမြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၀)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက် ကျောင်းတွင်းဖြေဆိုရန် (၁၁၁၇)ဦး နှင့် ပြင်ပဖြေဆိုရန် (၁၁၁၃)ဦး စုစုပေါင်းကျောင်းသား/ကျောင်းသူ (၂၂၃၀)ဦး စာရင်းပေးသွင်းခဲ့ရာ ယနေ့ဖြေဆိုသူ (၂၀၃၄)ဦး၊ ပျက်ကွက်သူဦးရေ  (၁၉၆)ဦးရှိခဲ့သည်။

ရမ်းဗြဲမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ကျောင်းသား/ကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရန် အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ လိုအပ်သည်များကို ပူး‌ပေါင်းဆောင်ရွက်နိုင်ရန်အတွက် ရမ်းဗြဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များမှစာစစ်ဌာနများသို့ သွားရောက်ကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ 


အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)