ပေါက်တောမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ် အေးချမ်းစွာဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ် အေးချမ်းစွာဖြေဆိုလျက်ရှိ









MNP ၊ မတ် ၃၁

မြန်မာနိုင်ငံတစ်ဝှမ်းတွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့၊ နံနက်(၉)နာရီမှစတင်ကာ တစ်ပြိုင်နက်တည်းကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ စာစစ်ဌာန(၇)ခု ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။


ပေါက်တောမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ပေါက်တောမြို့နယ်တွင် စာစစ်ဌာန(၇)ခုတွင်ဖြေဆိုရန် စာရင်းပေးထားသူ ကျောင်းသား(၁၀၀၇)ဦး၊ကျောင်းသူ(၁၁၇၁)ဦး စုစုပေါင်း(၂၁၇၈)ဦးရှိပြီး၊ ယနေ့ မြန်မာစာဘာသာရပ်အား ဖြေဆိုသူ ကျောင်းသား(၉၃၃)ဦး၊ ကျောင်းသူ(၁၁၁၄)ဦး စုစုပေါင်း (၂၀၄၇)ဦး၊ ပျက်ကွက်ကျောင်းသား(၇၄)ဦး၊ ကျောင်းသူ(၅၇)ဦး၊ စုစုပေါင်း (၁၃၁)ဦးရှိရာ ဖြေဆိုရာခိုင်နှုန်းအနေဖြင့် (၉၃.၉၉) ရာခိုင်နှုန်းဖြင့် အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက် ရှိကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)