မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုများ အား တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၅) မှ ဗိုလ်လောင်းများ သွားရောက်လေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုများ အား တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၅) မှ ဗိုလ်လောင်းများ သွားရောက်လေ့လာ




MNP ၊ မတ် ၁၂

နေပြည်တော်ကောင်စီနယ်မြေ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည် ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုများကို တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ် လောင်းသင်တန်းအမှတ်စဉ် (၂၅)မှ ဗိုလ်လောင်းများက ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်လေ့လာကြသည်။


ဦးစွာ လေ့လာရေးအဖွဲ့များအား ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ရေး တာဝန်ခံများက ရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ်ရသည့် ရည်ရွယ်ချက်၊ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူ၍ ရုပ်ပွားတော်မြတ် ကြီး ထွင်းထုတည်ထားဆောင်ရွက်နေမှုအခြေအနေများ၊ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် စကျင်ကျောက်တော်ကြီးအား အဆင့်ဆင့်တူးဖော်ခြင်းနှင့် ကျောက်တုံးတော်ကြီးအား အပိုင်းအလိုက် စကျင်တောင်မှ နေပြည်တော်သို့ ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းတို့ဖြင့် ပင့်ဆောင်ခံမှုများ၊ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး တည်ထားကိုးကွယ်မည့် ဗုဒ္ဓဉယျာဉ်တော်အတွင်း ပိဋကတ်သုံးပုံပါ ပါဠိ တော် အဋ္ဌကထာဋီကာကျမ်းစာများကို စကျင်ကျောက်တော်များ၌ ခေတ်မီစက်ကိရိ ယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language ဖြင့် ရေးထိုးပူဇော်မည့် အခြေအနေ၊ ဆင်းတုတော်ကြီးတည်ထားမည့် ဥယျာဉ်တော်အတွင်း၌ ရပ်နီးရပ်ဝေး မှ ဘုရားဖူးလာပြည်သူများ အဆင်ပြေစေရေးအတွက် ဂန္ဓကုဋိတိုက်များ၊ ဓမ္မာရုံ များ၊ မော်ကွန်းတိုက်များ၊ သုဓမ္မာဇရပ်၊ ဘုတ်တလုတ်ရေကန်၊ ရေပန်းများကို ရတနာပုံခေတ်လက်ရာများအတိုင်းစုံလင်စွာဖြင့် ထည့်သွင်း ဆောင်ရွက်သွားမည့် အခြေအနေတို့ကို ရှင်းလင်းဆောင်၌ ရှင်းလင်းပြသသည်။


ထို့နောက် လေ့လာရေးအဖွဲ့များက ရုပ်ပွားတော်တည်ထားကိုးကွယ်မည့် ဗုဒ္ဓဥယျာဉ်တော်အတွင်း ထည့်သွင်းတည်ဆောက်သွားမည့် သာသနိကအဆောက်အဦ ပုံစံငယ်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)