အမေရိကန်နိုင်ငံသားအမျိုးသားနှင့် ဒေသခံကြံရာပါအား မူးယစ်ဆေး မှောင်ခိုကူးမှုဖြင့် ကမ္ဘောဒီးယား ဖမ်းဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန်နိုင်ငံသားအမျိုးသားနှင့် ဒေသခံကြံရာပါအား မူးယစ်ဆေး မှောင်ခိုကူးမှုဖြင့် ကမ္ဘောဒီးယား ဖမ်းဆီး


ဖနွမ်းပင်၊ မတ် ၁၂ 

ကမ္ဘောဒီးယားနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သည် အမေရိကန်နိုင်ငံသားအမျိုးသားတစ်ဦးနှင့် ၎င်းနှင့်အတူကြံရာပါဖြစ်သော  ကမ္ဘောဒီးယား နိုင်ငံသားတစ်ဦးကို မူးယစ်ဆေးဝါး ၄၃ ကီလိုဂရမ်နီးပါး တရားမဝင်ရောင်းဝယ်ဖောက်ကားမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း အမျိုးသား ရဲတပ်ဖွဲ့က မတ် ၁၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အသက် ၃၃ နှစ်အရွယ် အမေရိကန် အမျိုးသားနှင့် အသက် ၂၉ နှစ်အရွယ် ကမ္ဘောဒီးယား အမျိုးသားတစ်ဦးတို့ကို မြို့တော် ဖနွမ်းပင်ရှိ နေရာနှစ်ခုတွင် မတ်လ ၆ ရက်က ဖမ်းမိခဲ့ခြင်းဖြစ်သည်။

 “ဝင်ရောက်စီးနင်းမှုအတွင်း ၎င်းတို့ထံမှ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား (ice) ၄၂.၇ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း” အမျိုးသား ရဲတပ်ဖွဲ့က ၎င်း၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့သည်။ 

ကမ္ဘောဒီးယားနိုင်ငံသည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများကို သေဒဏ်ချမှတ်ခြင်း မရှိကြောင်း၊ နိုင်ငံ၏ဥပဒေအရ တစ်စုံတစ်ဦးအနေဖြင့် တရားမဝင် မူးယစ်ဆေးဝါး ၈၀ ဂရမ်ကျော် ရောင်းဝယ်ဖောက်ကားကြောင်း အပြစ်တွေ့ရှိပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံရနိုင်ကြောင်း သိရသည်။ 

၂၀၂၁ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (ADP)အာဏာပိုင်များက  တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မူးယစ်ဆေးဝါး အမှုပေါင်း ၆,၂၄၂ မှုဖြင့် မူးယစ်ဆေးဝါးသံသယရှိသူ စုစုပေါင်း ၁၃,၇၆၅ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး တရားမဝင်မူးယစ်ဆေးဝါး ၄.၄၃ တန် သိမ်းဆည်းရမိခဲ့ကြောင်း၊ ယင်းအနက် အများစုမှာ ice ၊  ဘိန်းဖြူ နှင့် စိတ်ကြွရူးသွပ်ဆေးပြားများဖြစ်ကြောင် းကမ္ဘောဒီးယားနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့(ADP) ၏ ထုတ်ပြန်ချက်အရသိရသည်။


Ref : (ဆင်ဟွာ) 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)