MNP - မတ် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ် မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့သန့်ရှင်းသာယာလှပပြီး အမှိုက်ကင်းစင် စေရန်အတွက် စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်းက တန့်ယန်းမြို့အထွက် တန့်ယန်း-မိုင်းကောင် ကာလမ်းဘေး၌ ဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုတွင် နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီး ကျော်သူဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ တပ်မတော်သားများ၊ မြို့နယ်အရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ဌာနမှ အမှုဆောင်အရာရှိ မိုင်းဟင်္သာထွန်းနှင့် ဝန်ထမ်းများ၊ အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများက လမ်းဘေးဝဲယာတစ်လျှောက်ရှိ ခြုံနွယ်သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်များ ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ကြကြောင်း သိရသည်။
သတင်း - မင်းလွင်ဦး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment