ပင်လောင်းမြို့နယ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ဒုတိယအကြိမ် ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့နယ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ဒုတိယအကြိမ် ထိုးနှံပေး

 


MNP - မတ်     ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုမှ ကာကွယ်တားဆီးနိုင်ရေးအတွက် ကာကွယ်ဆေးများ စဉ်ဆက်မပြတ် ထိုးနှံ ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းကလည်း ပင်လောင်းမြို့ အ.ထ.က(၂)ကျောင်းခန်းမတွင် ကာကွယ်ဆေး(Sinovac) အား ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆေးထိုးနှံပေးခြင်းလုပ်ငန်းကို သက်ဆိုင်ရာကျောင်းများမှ ဆရာ၊ဆရာမများက ကြီးကြပ်၍ ပြည်သူ့ ကျန်းမာရေးဌာနမှ ဆရာဝန်များနှင့်ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ ကာကွယ်ဆေးထိုးပြီးပါက (၁၅)မိနစ် အနားယူစေခြင်း လုပ်ငန်းများဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယနေ့ကာကွယ်ဆေးလာရောက်ထိုးနှံမှုတွင် ပင်လောင်းမြို့နယ်အတွင်းရှိ မူလတန်းလွန် ကျောင်းများ၊ အလယ်တန်းဆင့် ကျောင်းများ၊ အထက်တန်းဆင့်ကျောင်းများမှ ကျောင်းသား (၁၂၃)ဦး၊ ကျောင်းသူ(၂၀၈)ဦး စုစုပေါင်း(၃၃၁)ဦးဖြစ်ပြီး ဆေးထိုးရန်ကျန်ရှိနေသော ကျောင်းသား/သူများကိုလည်း မိဘ/အုပ်ထိန်းသူများ၏ သဘောတူညီမှုဖြင့် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

သတင်း - ထွန်းလင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)