MNP - မတ် ၁၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်း ထပ်တိုးဆောင်ရွက်ခွင့်ရရှိသော လိပ်သိုမြို့ ထမုံအလယ်ကျေးရွာတွင် စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းများအား ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန်၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး အရောင်းအဝယ်နှင့် အခြားကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်ခြင်းအားဖြင့် စားနပ်ရိက္ခာဖူလုံစေရန်နှင့် အဟာရပြည့်ဝစေရန်၊ တိုးပွားလာသောငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ ကျေးလက်နေပြည်သူများ၏ စွမ်းဆောင်ရည် မြင့်မားလာစေရန်နှင့် တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်စေရန်ရည်ရွယ်၍ မြစိမ်းရောင် ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - နီလာအေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment