မိုးညှင်းမြို့နယ်တွင် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမ အသင်းလီမိတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့နယ်တွင် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမ အသင်းလီမိတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


MNP - မတ်    ၁၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်း လီမိတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့ မွန်းလွဲ(၂)နာရီခွဲက မြို့နယ်သမဝါယမဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် မိုးညှင်းမြို့နယ်ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်း လီမိတက်အမှုဆောင်ဒါရိုက်တာအဖွဲ့မှ ဥက္ကဋ္ဌ ဖြစ်သည့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေယုဝါလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် အသင်းသူအသင်းသားများ အတိုးနှုန်း သက်သာစွာဖြင့် အရင်းအနှီးချေးငွေ ရရှိစေခြင်း၊ မိမိပိုင်စုဆောင်းငွေများ တဖြည်းဖြည်းများလာပြီး နောင်မိမိလုပ်ငန်းအတွက် ပြန်လည်ထုတ်ယူခံစားခွင့်ရှိခြင်း၊ မိမိကိုယ်ပိုင် စုဆောင်းငွေအပေါ်မှာ အတိုးရရှိခြင်း၊ အသင်းသူအသင်းသားများ ကျန်းမာရေးဆေးကုသစရိတ် ထောက်ပံ့ပေးခြင်းနှင့် နာရေးဖြစ်ပေါ်မှုတွေရှိလာလျှင်လည်း နာရေးထောက်ပံ့ငွေများ ထောက်ပံ့ ပေးခြင်းတို့ကို ရည်ရွယ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ အမှုဆောင်အဖွဲ့အစီရင်ခံစာကို အမှုဆောင် ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါ်မာရိခေါန်ဆန်းက ဖတ်ကြားတင်သွင်းပြီး အဆိုပါ ဘဏ္ဍာရေးနှစ် ရှင်းတမ်းကို အသင်းသားစာရင်းစစ်အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဒေါ်ပိုပိုအောင်က ဖတ်ကြားခဲ့သည်။

ထို့နောက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အမှုဆောင်အဖွဲ့အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းအား အသင်းကိုယ်စာလှယ်များမှ ဆွေးနွေးအကြံပြုချက် ရယူခြင်းများအပေါ် ပြန်လည်ဖြေကြား ရှင်းလင်း နိုင်ရေးအတွက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အသင်းဝင်ကိုယ်စားလှယ်များမှ ပြန်လည်ဆွေးနွေးအကြံပြုခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်၌ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အသင်းသူ အသင်းသားဦးရေ စုစုပေါင်း(၇၁၈)ဦးရှိပြီး အစုထည့်ဝင်ငွေ၏ စုစုပေါင်း ငွေကျပ်(၇၂၆၀၅၀၀)ရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာနရုံးမှ သိရသည်။

သတင်း - ဇွဲသူရအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)