MNP - မတ် ၁၃
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် စာရေးဆရာအသင်းနှင့် ဒေါက်တာလှဘေ ပညာပါရမီ စာကြည့်တိုက်တို့ လက်တွဲကြီးမှူးကျင်းပသည့် စာပေဟောပြောပွဲနှင့် စာပေရေးရာဆွေးနွေးပွဲ ကို ယနေ့ နံနက် ၉ နာရီခွဲ၌ ဒေါက်တာလှဘေ ပညာပါရမီ စာကြည့်တိုက်၌ ကျင်းပပြုလုပ် ခဲ့သည်။
စာပေဟောပြောပွဲတွင် ဒေါက်တာ တင်စိုးက အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသား စာပေဆုရှင် မင်းချမ်းမွန်က “စကားလက် ဆောင် စာလက်ဆောင်” စာအုပ်စာပေများကို အလေးထားဖတ်သင့်ကြောင်း၊ ယနေ့ခေတ်နှင့် အညီရင် ဘောင်တန်းနိုင်ဖို့ အသိဉာဏ်ရှိဖို့ လိုအပ်ကြောင်း၊ လူတစ်ဦးတွင် ချစ်ခြင်းမေတ္တာနှင့် ဉာဏ်ပညာရှိမှ တိုးတက်နိုင်သလို နိုင်ငံ တစ်နိုင်ငံတွင်လည်း ချစ်ခြင်းမေတ္တာနှင့် ဉာဏ်ပညာလိုအပ်ကြောင်း၊ လူငယ်တွေစာဖတ်ကြပါ အမြင်နိုးကြားကြပါ၊ အမှန်ကိုလိုလားတဲ့ တိုင်းပြည်ရဲ့ အကျိုးကိုလိုလားသော လူငယ်တွေ ဖြစ်ကြစေလိုကြောင်း၊ အမှား၊ အမှန်ကို ဝေဖန်နိုင်တဲ့ အသိဉာဏ်ရှိတဲ့ လူငယ်တွေဖြစ်ဖို့ စာဖတ်ကြစေလိုကြောင်း ဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော စာပေဝါသနာရှင်များ၊ စာရေးဆရာများ၏ သိရှိလိုသည့် အကြောင်းအရာများကို အမျိုးသားစာပေဆုရှင် မင်းချမ်းမွန်က ပြန်လည်ဖြေကြားပေးခဲ့ပြီး စာပေရေးရာ အကြောင်းအရာများကို ဆက်လက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
သတင်း - ခင်စန်းမြင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment