ပွင့်ဖြူမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ဒေသခံပြည်သူများကို ကာကွယ်ဆေး ဆက်လက်ကွင်းဆင်း ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ဒေသခံပြည်သူများကို ကာကွယ်ဆေး ဆက်လက်ကွင်းဆင်း ထိုးနှံပေး


MNP - မတ်   ၁၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေးအတွက် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသော ဒေသခံပြည်သူများကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက ကျေးရွာအရောက် နယ်လှည့်ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ဒေသခံပြည်သူ ၃၁၀၀ ဦးအား ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။ 

ထိုသို့ ဒေသခံပြည်သူများကို ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ဆေးထိုး အဖွဲ့ (၉)ဖွဲ့ခွဲ၍ ကွင်းဆင်းထိုးနှံပေးနေကြောင်း သိရပြီး ဆေးထိုးစုရပ်အလိုက် ဒေသခံပြည်သူများ ကာကွယ်ဆေး လာရောက်ထိုးနှံရာ၌ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ဦးဆောင်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကွင်းဆင်း ကြည့်ရှုကာ လိုအပ်သည်များကို ကူညီဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။ ယမန်နေ့က ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးအဖွဲ့(၉)ဖွဲ့ဖြင့် ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာအုပ်စု၊ မုန်းမြင့်ကျေးရွာအုပ်စု၊ ကုလားဟောင်း ကျေးရွာအုပ်စု၊ ဇီးတောကျေးရွာအုပ်စု၊ ပေတော ကျေးရွာအုပ်စု၊ လယ်လှကုန်းကျေးရွာအုပ်စု၊ ကနီကျေးရွာ အုပ်စု၊ ကံဆွယ်ကျေးရွာအုပ်စုနှင့် ဖလံကျင်းကျေးရွာအုပ်စုသို့ သွားရောက်ပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိ သည့် ဒေသခံပြည်သူများကို ကျန်းမာရေးစစ်ဆေးပြီး ကာကွယ်ဆေး စနစ်တကျ ထိုးနှံဆောင်ရွက်ပေးရာ ဆေးထိုးစုရပ်(၉)နေရာတွင် ဒေသခံပြည်သူ ၃၁၀၀ ကာကွယ်ဆေး လာရောက် ထိုးနှံခဲ့ကြောင်း သိရသည်။

 ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရန်အတွက် ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့က တစ်မြို့နယ် လုံး ကာကွယ်ဆေးထိုးနှံမှုရာခိုင်နှုန်း အပြည့်အဝ လွှမ်းခြုံစွာ ထိုးနှံပြီးစီးရေးအတွက် နေ့စဉ်ကျေးရွာများသို့ နယ်လှည့် ကွင်းဆင်းထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယခုလကုန် အပြီးထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။

သတင်း - ရဲဝင်းနိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)