ခရမ်းချဉ်သီးများ ဈေးကျ၍ တောင်သူများ အခက်ကြုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရမ်းချဉ်သီးများ ဈေးကျ၍ တောင်သူများ အခက်ကြုံ

 



MNP - မတ်    ၁၃

စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားပြီး လုပ်ကိုင်ကြသော မင်းဘူး(စကု)မြို့နယ် ကျောက်တန်းရွာမှ တောင်သူများသည် ခရမ်းချဉ်သီးဈေးများ ‌ကျနေသဖြင့် အရှုံးပေါ်ပြီး အခက်ကြုံနေကြကြောင်း ကျောက်တန်းကျေးရွာ ခရမ်းချဉ်စိုက် တောင်သူများထံမှ  သိရသည်။

"ခရမ်းချဉ်သီးက မီးဖိုချောင်သုံး စားစရာရောင်းကုန်အဖြစ်နဲ့  အဓိကရောင်းချရတာပါ။ စောစောပိုင်းက ခရမ်းချဉ်သီးဈေး ၁၀၀၀/၁၂၀၀ ဈေးကနေ တဖြည်းဖြည်း တက်လာကာ တစ်ပိဿာ ၂၅၀၀ ကျပ်ဈေးအထိ မြင့်တက်လာခဲ့တာကြောင့် ခရမ်းချဉ်စိုက် တောင်သူတွေ အတော်အဆင်ပြေခဲ့ပါတယ်။ အခု ဆောင်းအကုန် နွေအကူး နွေခရမ်းချဉ်သီးများ ပေါ်ချိန်မှာတော့ ယခင်နှစ်ကဈေးအတိုင်း လက်လီဈေး တစ်ပိဿာ ၁၅၀/၂၀၀ ကျပ်အထိ ဈေးကျသွားတဲ့အတွက် အငှါးသမားတွေနဲ့ စိုက်ပျိုးကြတဲ့ ကျွန်တော်တို့ တောင်သူတွေအနေနဲ့ အရင်းရဖို့တောင် အနိုင်နိုင် ရောင်းချနေကြရပါတယ်" ဟု ခရမ်းချဉ်စိုက်တောင်သူ ကိုဘအေးက ပြောသည်။

မင်းဘူးမြို့နယ်ရှိ ကျေးရွာများအနက် ကျောက်တန်းကျေးရွာမှာ ခရမ်းချဉ်ကို အဓိကထားစိုက်ပျိုးသည့် ဒေသဖြစ်ပြီး မိုးခရမ်းချဉ်၊ ဆောင်းခရမ်းချဉ် နွေခရမ်းချဉ်ရယ်လို့ အမျိုးမျိုးစိုက်ပျိုးကြပြီး ယခုမင်းဘူး ခရမ်းချဉ်သီး ဈေးကွက်မှာ လက်ကားဈေး တစ်ပိဿာလျှင် ၁၅၀ ကျပ်နှင့် လက်လီဈေး တစ်ပိဿာလျှင် ၂၅၀/၃၀၀ ကျပ်ရောင်းချနေရကြောင်း စိုက်ပျိုးလုပ်ကိုင်သူများထံမှ သိရသည်။

"ဒီနှစ် နွေရာသီ အခြားဟင်းသီးဟင်းရွက်ဈေးတွေ ဈေးအကုန် ပြန်တက်ခဲ့ပေမဲ့ ခရမ်းချဉ်သီးတစ်မျိုးဘဲကျပ် ၂၅၀၀ ဝန်းကျင်ကနေ  ၂၅၀/၃၀၀ ကျပ် ဈေးအထိ ကျသွားခဲ့တာပါ။ အခုရက်ပိုင်း ခရမ်းချဉ်သီးဈေးက တန့်နေတော့ ဈေးတက်လာမလား ဈေးပြန်ကျသွားမလား စိုးတထိတ်ထိတ် ဖြစ်နေတာပေါ့" ဟု ကျောက်တန်းကျေးရွာမှ စိုက်ခင်းပိုင်ရှင် မနွယ်နွယ်ဌေးက ဆိုပြန်သည်။

နွေရာသီမှာ အပူရှိန်ပြင်းလို့ အပင်ဖြစ်ထွန်းမှု နည်းသလို ပိုးမွှားကျရောက်မှုလည်း နည်းပါးပြီး၊ မိုးတွင်း ကာလမှာတော့ အပင်ငယ်ငယ်အချိန်မှာ မိုရောဂါ ကျရောက်ပြီး ပျက်စီးဆုံးရှုံးမှုများနဲ့ ကြုံတွေ့ရသူတွေ ရှိသဖြင့် အထူးဂရုစိုက်ပြီး မိုရောဂါအတွက် ပိုးသတ်ဆေးဖျန်း အပင်ကြီးလာတဲ့အခါမှာလည်း ရွက်လိပ်ပိုး နှင့် မိုရောဂါများ ကျရောက်တတ်တာကြောင့် အထူးဂရု စိုက်ပျိုးရပြီး ဝါနေသော အရွက်များနဲ့ လိပ်နေသော အရွက်များကို လှီးဖြတ်ပေးရကြောင်းလည်း ခရမ်းချဉ်စိုက်ပျိုး လုပ်ကိုင်သူများထံမှ သိရသည်။

သတင်း - ဇေယျာထက် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)