ကချင်ပြည်နယ်အတွင်း ဝေးလံခက်ခဲသော မြို့နယ်များအပါအဝင် နယ်စပ်ဒေသများရှိ ပြည်သူများအားလုံး ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး လူမှုရေးအသင်းအဖွဲ့များနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်အတွင်း ဝေးလံခက်ခဲသော မြို့နယ်များအပါအဝင် နယ်စပ်ဒေသများရှိ ပြည်သူများအားလုံး ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး လူမှုရေးအသင်းအဖွဲ့များနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေး



MNP - မတ်    ၁၃

ကချင်ပြည်နယ်အတွင်း အင်ဂျန်းယန်မြို့နယ်အပါအဝင် ဝေးလံခက်ခဲသော ဆော့လော်မြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ နယ်စပ်တစ်လျှောက်ရှိ ဖီမော်၊ ကမ့်ဖန်၊ ပန်ဝါဒေသများရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး လွှမ်းခြုံထိုးနှံပေးနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်သည် ကျန်းမာရေးဌာနနှင့် လူမှုပရဟိတအသင်းအဖွဲ့များနှင့် ယနေ့ နံနက် ၁၀ နာရီတွင် ဝန်ကြီးချုပ် အိမ်ရာဝင်း၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး လွှမ်းခြုံထိုးနှံပေးနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရာတွင် ကိုဗစ်ကာကွယ်ဆေး လူတိုင်းထိုးနှံပေးနိုင်ရေးသည် အရေးကြီးသည့် ကိစ္စဖြစ်သလို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ယနေ့ ပြည်နယ်အတွင်းရှိ ဝေးလံခက်ခဲသော နေရာဒေသများသို့ မိမိတို့အစိုးရ အဖွဲ့ အစည်းများနှင့် အတူ ပူးပေါင်းဆောင်ရွက်ကြမည့် လူမှုပရဟိတ အသင်းအဖွဲ့များအား ပြည်နယ်ကိုယ်စား မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ထိုအပြင် ကာကွယ်ဆေးထိုးလုပ်ငန်း အတွက် လိုအပ်သည့် အစီအမံများနှင့် ပေါင်းစပ်ညှိနှိုင်းပေးရမည့် ကိစ္စရပ်များကိုလည်း အပြည့် အဝ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်း ပြောကြားသည်။

ထို့နောက် မြစ်ကြီးနားခရိုင် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီး၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာန ဒုတိယပြည်နယ် ဦးစီးမှူး ဒေါက်တာလှိုင်လှိုင်ဌေးနှင့် တာဝန်ရှိသူများ၊ ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေး ဖောင်ဒေးရှင်း၊ ပေးဆပ်သူလူမှုပရဟိတကူညီရေးအသင်း၊ ဧရာဝတီ ဂရုဏာ ဖောင်ဒေးရှင်း၊ မျိုးဆက်သစ်၊ ရွှေပန်းမြိုင်လူမှုကူညီရေးအသင်းများမှ တာဝန်ရှိသူများနှင့် အတူ ဆော့လော်မြို့နယ်အတွင်း ဆော့လော်၊ ဖီမော်၊ ကမ့်ဖန်ဒေသများ၊ ခေါင်လန်ဖူးမြို့နယ် အတွင်း ခေါင်လန်ဖူး၊ ရှိန်းခေါင်ဒေသများနှင့် အင်ဂျန်းယန်မြို့နယ်အတွင်းရှိ မြို့ပြနှင့် ကျေးလက် ဒေသနေ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး စီမံဆောင်ရွက် သွားမည့် အစီအစဉ်များ၊ ကျန်းမာရေးဌာနဝန်ထမ်းများနှင့် လူမှုပရဟိတအသင်းများ စနစ်တကျ စုဖွဲ့၍ ခရီးစဉ်ဒေသအလိုက် သွားရောက်ဆောင်ရွက်ကြမည့် အသေးစိတ်အစီအစဉ်များ၊ ကာကွယ်ဆေး သယ်ယူနိုင်ရေး လိုအပ်သည့် အစီအမံများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြ သည်။

ယင်းနောက် ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာကွယ်ဆေး အောင်မြင်စွာ ထိုးနှံပေးနိုင်ရေးအတွက် အောင်မြင်ရေးကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ခရီးစဉ်အလိုက် ဒေသခံအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ တပ်မတော်၊ ဒေသပြည်သူ့စစ်အဖွဲ့များနှင့် ပေါင်းစပ်ပြီး အုပ်ချုပ်/ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)