MNP - မတ် ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဘားအံခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေး၊ ကျေးရွာစာရင်းများအား တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ လှိုင်းဘွဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ ရှမ်းရွာသစ်မြို့ အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင်၊ ပိုင်ကျုံမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်တို့က မြို့နယ်/မြို့အတွင်း ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ၊ နယ်မြေ လုံခြုံရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဒေသဆိုင်ရာ အချက်အလက်များနှင့်ရှေးဆက် ဆောင်ရွက်မည့် လုပ်ငန်းများကို တင်ပြခဲ့ပြီး ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က မြို့နယ်/မြို့ အုပ်ချုပ်ရေးမှူးအပြင် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ကျေးရွာ စာရင်းများအနေဖြင့် မိမိဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဘက်ပေါင်းစုံမှ ကြိုးစား ဆောင်ရွက်ကြရန်၊ ပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး နိုးဆော်ပေးကြရန်၊ လုပ်ငန်းများကို လျာထားချက်ပြည့်မီအောင် ဆောင်ရွက်ကြရန်၊ လုပ်ငန်းများလည်ပတ်ရန်တွင် လိုအပ်သော အဖွဲ့အစည်းများနှင့် ပေါင်းစပ် ဆောင်ရွက်ကြရန်၊ မိမိတာဝန်လုပ်ငန်းများကို ကျေပွန်စွာ ထမ်းဆောင်ကြရန်၊ ဉပဒေ၊ နည်းဉပဒေ များကို လေးစားလိုက်နာကြရန်၊ အထက်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန်၊ မိမိဒေသနယ်မြေလုံခြုံရေးကို အထူး အလေးထား ဆောင်ရွက်ကြရန်နှင့် ရွေးကောက်ပွဲအတွက် အရေးကြီးကာလရောက်လာပြီးဖြစ်၍ လူဦးရေ အချက်အလက် စာရင်းများကို တိကျမှန်ကန်ပြီး အချိန်မီပေးပို့ကြရန် ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ကျေးရွာစာရင်းများက မိမိဒေသအတွင်း ကြုံတွေ့နေရသော အခက်အခဲ များနှင့် ဆောင်ရွက်မည့် လုပ်ငန်းများကို ပြန်လည်တင်ပြခဲ့ကြောင်း သိရှိရသည်။
သတင်း - စောဒိ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment