MNP - မတ် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမတွင် ယမန်နေ့နံနက် (၉)နာရီအချိန် က သင်တန်းကျောင်းရှိ ဝန်ထမ်းများနှင့် ကျောင်းသား/သူများအား သတင်းအမှား/အမှန်ခွဲခြား သုံးသပ်နိုင်ရေး၊ ဥပဒေရေးရာ၊ မူးယစ်ဆေးဝါးဆိုင်ရာ၊ Social Media အသုံးပြုရာတွင် ဆောင်ရန်/ ရှောင်ရန် အချက်များ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံး ဦးစီးအရာရှိ ဦးစိုင်း ထွန်းနေလှိုင် က သတင်းအမှား/အမှန် ခွဲခြားသုံးသပ်ရာတွင် စဉ်းစားရမည့်အချက်များ၊ Social Media အသုံးပြုခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre အကြောင်းအား လည်းကောင်း၊ မြို့နယ်ဥပဒေရုံးမှ ဒုတိယဥပဒေအရာရှိ ဦးဇင်မျိုးထိုက် က လူငယ်နှင့်မူးယစ်ဆေးဝါးအကြောင်းအရာများ၊ မူးယစ်ဆေးဝါးနှင့် ဥပဒေရေးရာအကြောင်းအရာများကို လည်းကောင်း၊ မြို့မရဲစခန်းမှ ဒုရဲအုပ် ဦးကျော်လင်းထိုက် က မူးယစ်းဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ ဆိုးကျိုးများ၊ ဥပဒေပုဒ်မများအကြောင်းအားလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများက သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
သတင်း - စိုင်းအောင်ကျော်စိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment