NUG အကြမ်းဖက်ခေါင်းဆောင်များ ဘဏ္ဍာငွေရှာနေကြပြန်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG အကြမ်းဖက်ခေါင်းဆောင်များ ဘဏ္ဍာငွေရှာနေကြပြန်ပြီ



ပြည်သူတွေကို တစ်နှစ်ကျော်ကြာကာလ မလိမ့်တပတ်လုပ်ပြီး ဝါဒမှိုင်းတိုက်ခဲ့တဲ့ NUG က ငမိုက်သားတွေဆီက တစ်နေ့တစ်မျိုး မရိုးနိုင်တဲ့ မလိမ့်တပတ် စကားလုံးတွေ ကြားရတတ်ပါတယ်။ စာရေးသူအနေနဲ့တော့ NLD ပါတီ ဦးဆောင်သူတွေနဲ့ ၈၈ က သူတို့ရဲ့ အပေါင်းအပါတွေကို နိုင်ငံရေးလုပ်စားသူများလို့ပဲ တင်စားသုံးနှုန်းပါတယ်။ ဒီလူတွေဟာ မိမိတို့တတ်ထားတဲ့ အသိပညာ၊ အတတ်ပညာနဲ့ အများပြည်သူ ကောင်းကျိုးဖြစ်အောင် ဆောင်ရွက်နေကြသူတွေ မဟုတ်ဘဲနဲ့ နေ့စဉ်နဲ့အမျှ ဝါဒမှိုင်းတိုက်ပြီး ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်ခိုင်းနေတဲ့ တိုင်းတပါးလက်ပါးစေ၊ အကြမ်းဖက်ဝါဒီတွေ ဖြစ်နေခြင်းကြောင့် သူတို့ကို နိုင်ငံရေးလုပ်စားသူများလို့ပဲ ကင်ပွန်းတပ်ပေးထားပါတယ်။


ဒီရက်ပိုင်းအတွင်းမှာတော့ NUG အကြမ်းဖက်အဖွဲ့ဝင် ဇော်ဝေစိုးက ဘဏ္ဍာရေးလိုအပ်ချက်နဲ့ ပတ်သက်လို့ ပြောဆိုလာသလို မင်းကိုနိုင်ကလည်း ဘဏ္ဍာရေးလိုအပ်ချက် ရှိနေပြီလို့ ပြောဆိုထားတာကို တွေ့ရတယ်။ NLD အစွန်းရောက် CRPH, NUG, PDF အကြမ်းဖက်သမားတွေဟာ တော်လှန်ရေးဆိုတဲ့စကားလုံးကို တွင်တွင်သုံးပြီး သူတို့ပထွေးတွေကို မတော်လှန်ဘဲ ပြည်သူအချင်းချင်း သတ်ဖြတ်ပြီး အောင်ပွဲခံနေကြတာကို ပြည်သူတွေ နားမလည်ကြသေးဘူး။


NLD ပါတီ ၅နှစ် အာဏာရတဲ့အခိုက်အတန့်မှာလည်း ပါတီအတွက် တိုင်းပြည်ဘဏ္ဍာထဲက နှိုက်သလို ပုဂ္ဂိုလ်တစ်ဦးချင်းအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က စပြီး လွှတ်တော်ကိုယ်စားလှယ်အဆုံး ရသလောက်ခိုး၊ ရသလောက်ညစ်ယူသွားခဲ့ကြပြီးပြီ။ NLD အစွန်းရောက်တွေနဲ့ သူတို့ရဲ့ အပေါင်းအပါတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းများကို အမေရိကန်၊ အင်္ဂလန်အပါအဝင် အိုအိုင်စီ အဖွဲ့အစည်းဝင် နိုင်ငံတချို့က ငွေကြေး၊ လက်နက် ထောက်ပံ့ပေးထားတယ်ဆိုတာလည်း သူတို့ရဲ့ လုပ်ရပ်တွေက အထင်အရှားပြခဲ့ပြီပဲ ဖြစ်ပါတယ်။


NLD အစွန်းရောက် အကြမ်းဖက်သမားတွေကိုင်တဲ့ လက်နက်တွေက အမေရိကန်ထုတ်လက်နက်တွေဖြစ်တယ်။ အိုအိုင်စီ အဖွဲ့ဝင် တူရကီနိုင်ငံထုတ် လက်နက်တွေဖြစ်တယ်ဆိုတာကို ဖမ်းဆီးရမိဖြစ်စဉ်တွေက သက်သေခံခဲ့ပါပြီ။

ဘဏ္ဍာရေးလိုငွေ ပြနေပြီ။ ပြည်သူတွေဆီက မလိမ့်တပတ်လုပ်ပြီး ငွေခြူမယ်။ ပြီးရင် ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်ကြဖို့ လှုံ့ဆော်ခိုင်းစေမယ်။


NLD အစွန်းရောက်တွေကို ထောက်ခံပါတယ်ဆိုတဲ့ ပြည်သူတွေအနေနဲ့ မေးရမယ့်စကားက ကမ္ဘာအရပ်ရပ်ကနေ ရခဲ့တဲ့ ငွေကြေးတွေ ဘယ်ရောက်ကုန်ကြပြီလဲ။ တိုင်းပြည်ဘဏ္ဍာထဲက ခိုးခဲ့တဲ့ ငွေတွေ ဘယ်ရောက်ကုန်ပြီလဲ။  ပြည်သူကို အကြမ်းဖက်သမားများအဖြစ် အသုံးချပြီး သူတို့ကိုင်တိုင်ကြတော့ ပြည်ပကို ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ ခင်ဗျားတို့ရဲ့ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ၊ ဆူပူအကြမ်းဖက် လှုံ့ဆော်သူကြီးတွေ၊ နိုင်ငံရေးလုပ်စားတတ်သူကြီးတွေကို ခင်ဗျားတို့ မေးကြရမှာ။ ရထားတဲ့ ငွေတွေကို တော်လှန်ရေးခေါင်းဆောင် ပြည်ပြေးကြီးများ ကိုယ်မိသားစုအကျိုးစီးပွားအတွက် သုံးလိုက်ကြပြီလား။ အမေရိကန်ဒေါ်လာ သန်းချီတန်တဲ့ နေအိမ်တွေ ဝယ်ယူပြီး ဇိမ်ယစ်နေကြပြီလား။ အဲဒီလို ဝယ်ယူဖို့ မလုံလောက်တဲ့အတွက် ဘဏ္ဍာရေးလိုငွေပြနေတာလားလို့ မေးကြည့်ကြပါအုံး။


NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူများ ဖွဲ့စည်းထားတဲ့ CRPH, NUG အဖွဲ့ဝင်တွေရဲ့ တိုက်တွန်း လှုံ့ဆော်မှုကြောင့် ခင်ဗျားတို့ ပြည်သူတွေအနေနဲ့ PDF ခေါင်းစဉ်နဲ့ အကြမ်းဖက်အဖွဲ့အစည်းမျိုးစုံ ဖွဲ့စည်းခဲ့တယ်။ အကြမ်းဖက်သင်တန်း တက်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေဆီပို့တယ်။ လက်နက်ထုတ်ပေးတယ်။ လူတစ်ယောက်၊ ဒါမှမဟုတ် သံဃာတော် တစ်ပါးကို သတ်ရင် ငွေ ငါးသောင်း၊ တစ်သိန်း ပေးတယ်။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတစ်ယောက်ရဲ့ အသက်ဟာ ငါးသောင်း၊ တစ်သိန်းပဲ တန်သလား။ အကြမ်းဖက်သမားအဖြစ်နဲ့ အသုံးတော်ခံနေကြတဲ့ ပြည်သူတွေ စဉ်းစားကြဖို့ လိုပါပြီ။

အာဏာလက်မဲ့ ဖြစ်သွားပြီးချိန်မှာ အကြမ်းဖက်လှုပ်ရှားမှုအတွက် အမေရိကန် သူဌေးကြီး ဂျော့ဆိုးရော့စ် ဆီက ငွေကြေးအထောက်အပံ့တွေလည်း ရခဲ့တယ်။ အာဏာရှိစဉ်က ခိုးထားတဲ့ ငွေတွေလည်း ရှိခဲ့တယ်။ သူတို့ရဲ့ နိုင်ငံရေးဆူပူအကြမ်းဖက် လှုံ့ဆော်မှုမှာ ပူးပေါင်းပါဝင်တဲ့ အနုပညာရှင်ဆိုသူတွေဆီကို ငွေကျပ်သိန်းပေါင်း ထောင်ချီ၊ သောင်းချီ ဖြန့်ဝေပေးထားခဲ့တယ်။


အဲဒီလိုငွေကြေးပမာဏမျိုး NLD အာဏာရဖို့ CRPH, NUG ကို ထောက်ခံပြီး အကြမ်းဖက်သမားများအဖြစ်နဲ့ ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်နေတဲ့ NLD ထောက်ခံသူ အကြမ်းဖက်သမားများ ရကြရဲ့လား။ NLD ထောက်ခံသူတွေအနေနဲ့ NLD အာဏာရစေဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ CRPH, NUG က ခိုင်းစေတဲ့အလုပ်တွေကို လုပ်တယ်။ မိမိတို့ကို မထောက်ခံတဲ့ သူတွေကို လိုက်သတ်တယ်။ PDF အဖွဲ့ဝင်တစ်ဦး ရှင်းလင်းပြောဆိုထားတဲ့ ရုပ်သံမှတ်တမ်းတစ်ခုကိုလည်း ကြည့်ရပါတယ်။ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လိုတို့ အလှူခံလိုက်ကြတာ အလှူခံလို့ ရတဲ့ငွေတွေက ဘယ်သူတွေကို ထောက်ပံ့သလဲတော့ မသိဘူး။ သူတို့အနေနဲ့တော့ အဲဒီ လူတွေဆီက ကျည်တစ်ထောင့်ဖိုး ၅၀၀ တောင် မရဖူးဘူးလို့ ပြောဆိုခဲ့တယ်။


ဆိုတော့ ဒီလူတွေဟာ ခင်ဗျားတို့ PDF တွေရဲ့ အမည်ကို အသုံးချပြီး အလှူခံနေကြတယ်။ ငွေရှာနေကြတယ်။ အလှူခံလို့ ရတဲ့ငွေကို PDF တွေဆီ မပို့ဘဲ ဘယ်သူ့ဆီ ပို့နေကြသလဲ။ အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာနေကြပြီလားဆိုတာလည်း စဉ်းစားကြပါအုံး။ PDF ဆိုသူတွေကိုလည်း သတိပေးချင်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်လို့ ရည်ရွယ်ပြီ ခင်ဗျားတို့ အနေနဲ့ People Defence Force (PDF) လို့ ဖွဲ့ခဲ့ကြတာမှတ်လား။ အခု ခင်ဗျားတို့ PDF တွေရဲ့ လုပ်ရပ်က ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်၊ ရှိတဲ့ပစ္စည်းသိမ်းဆည်းရယူဆိုတဲ့ ဓားပြအဆင့်ကို ရောက်သွားပြီ။ ရည်ရွယ်ချက် ပြောင်းသွားပြီလား။ ပြည်သူ့ကာကွယ်ရေးခေါင်းစဉ်အောက်ကနေ ပြည်သူကို သတ်ဖြတ်ရေး People Deadly Force (PDF) ဖြစ်သွားပြီလား။ ပြည်သူအမြောက်အများသေအောင် သတ်နေတဲ့ အဖွဲ့ဖြစ်သွားပြီလား။


ခင်ဗျားတို့ကို သွေးထိုးလှုံ့ဆော်ခဲ့တဲ့ လက်ပါးစေ၊ ပြည်ပြေး၊ နိုင်ငံရေးလုပ်စားသူတွေက ပြောတော့ စစ်ကောင်စီကို တော်လှန်မှာဆို။ စစ်ရေးနဲ့ သက်ဆိုင်တဲ့ ပစ်မှတ်တွေကို ပစ်ခတ်တယ်။ တိုက်ခိုက်တယ်ဆိုရင်တော့ ခင်ဗျားတို့ လုပ်နေတာကို တော်လှန်ရေးလို့ လက်ခံနိုင်မှာပေါ့။ အခု ခင်ဗျားတို့ PDF တွေ လုပ်နေတာက စာသင်ကျောင်းမီးရှို့တယ်။ သံဃာတော်တွေကို သတ်တယ်။ ဆရာ/ ဆရာမတွေကို သတ်တယ်။ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တယ်။ People Defence Force မဟုတ်တော့ဘူး။ ပြည်သူအမြောက်အများကို သေအောင်သတ်နေသော တပ်ဖွဲ့ People Deadly Force ဖြစ်နေပြီ။ ကိုယ့်လုပ်ကို ပြန်လည်ဆင်ခြင်သုံးသပ်ကြပါအုံး။


ထောက်ခံသူတွေပဲ သေသေ၊ မထောက်ခံသူတွေပဲ သေသေ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ လက်ပါးစေ၊ နိုင်ငံရေးလှုံ့ဆော်သူ၊ နိုင်ငံရေးလုပ်စားသူတွေကတော့ ဘဏ္ဍာရေးလိုငွေပြမှုကို ရှေ့တန်းတင် ပြောဆိုပြီး အလှူခံမှုတွေ တကျော့ပြန် လုပ်လာကြပါပြီ။ မင်းတို့နိုင်တို့ရဲ့ ဝါဒဖြန့်၊ လှုံ့ဆော်မှုတွေကို ဖြန့်ဝေပေးမယ့် အကြမ်းဖက်လှုံ့ဆော်မီဒီယာကလည်း အားကောင်းမောင်းသန် ဖြစ်နေတော့ ဦးဆောင်လှုံ့ဆော်သူ မင်းကိုနိုင်ပြောထားတဲ့ ဘဏ္ဍာရေးလိုငွေ ပြမှုနဲ့ ပတ်သက်လို့ သတင်းတစ်ပုဒ်မှာ အခုလို တွေ့ရပါတယ်။


"တော်လှန်ရေး အနိုင်၊အရှုံး  ဘဏ္ဍာရေးပေါ်မူတည်ဟု  ကိုမင်းကိုနိုင်ပြော" ဆိုတဲ့ သတင်းတစ်ပုဒ် ၁၀-၃-၂၀၂၂ ရက်နေ့ က တက်လာပါတယ်။ မင်းကိုနိုင်က “ ပြည်သူလူထုရဲ့ချွေးနည်းစာတစ်ခုထဲကိုမှီခိုနေရတဲ့ စနစ်မျိုးမဖြစ်အောင် ဒီထက်ပိုပြီးတော့ အား ကောင်းမောင်းသန်နဲ့ ငွေလုံးငွေရင်းနဲ့ဖြည့်ဆည်းနိုင်ဖို့ကြိုးစားမယ့်အစီအစဉ်များရှိတယ်” လို့ ပြောပါသတဲ့ဗျာ။


မင်းကိုနိုင်ရဲ့ စကားလုံးမှိုင်းမိနေတဲ့ ပြည်သူတွေအနေနဲ့ စဉ်းစားကြည်ပါအုံးဗျာ။ သူတို့ဖန်တီးတဲ့ ဆူပူအကြမ်းဖက်မှုတွေမှာ ပါဝင်ရင်း ပြည်သူတွေမှာ အငတ်ဘေးမသင့်ရုံတမယ်ဘဲ ကျန်တော့တယ်။ ပြည်သူလူထုရဲ့ ချွေးနည်းစာ ဆိုတဲ့ စကားလုံးနဲ့ ဂျင်းမထည့်ကြဖို့ ခင်ဗျားတို့ရဲ့ လှုံ့ဆော်သူကြီးကို ပြောရမှာ။ အမေရိကန်ကို ထွက်ပြေးတိမ်းရှောင်သွားသူ ပြည်ပြေး ကိုမင်းကိုနိုင် -

ခင်ဗျား အဲဒီမှာ ဘယ်လိုရပ်တည်နေတာလဲ။ PDF တွေကို ခုတုန်းလုပ်ပြီး ရတဲ့ ငွေတွေနဲ့ ခင်ဗျားတို့ ရပ်တည်နေကြတယ်မှတ်လား၊ PDF အကြမ်းဖက်အဖွဲ့မှာ ပါဝင်ပြီး လူတစ်ယောက်သတ်၊ သံဃာတော်တစ်ပါးသတ်ရင် ငါးသောင်း၊ တစ်သိန်း ပေးပြီး ခင်ဗျားတို့တွေကြတော့ ကျည်လွတ်မြေမှာ သိန်းပေါင်း သောင်းချီ၊ သန်းချီတန်တဲ့ ဇိမ်ခံပစ္စည်းတွေနဲ့ နှက်နေကြတယ်။ ပြည်သူကို ဘယ်လို ဂျင်းထည့်ရမယ်ဆိုတာကို ဇိမ်နဲ့နေပြီး အကြံထုတ်နိုင်တယ် မဟုတ်လား လို့ မေးကြရမှာ။


ဒါကတော့ NUG အကြမ်းဖက်အဖွဲ့က  ဇော်ဝေးစိုး၊ မင်းကိုနိုင် တို့ အခုရက်ပိုင်းအတွင်းမှာ ဘဏ္ဍာငွေ ရရှိရေး အားကြိုးမာန်တက် လုပ်ဆောင်နေမှုအခြေအနေနဲ့ ပတ်သက်လို့ တွေ့မြင်ရတဲ့အတွက် သုံးသပ်တင်ပြခြင်းဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာတွေ သန်းချီရခဲ့တဲ့ အကြမ်းဖက်အဖွဲ့က မြေပြင်မှာ PDF တွေ ခမျာမှာ လူသတ် ဓားပြတိုက် အဆင့်ဖြစ်နေတာကို  ကူညီထောက်ပံ့မှုမပေးဘဲနဲ့ သူတို့ လူတစ်စုအတွက် ဘဏ္ဍာငွေ လိုအပ်နေတာလား။ ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်ခိုင်းပြီး နိုင်ငံရေးအမြတ်ထုတ်နေတဲ့ NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူများ ဖွဲ့စည်းထားတဲ့ CRPH, NUG ကို ထောက်ပံ့ပေးနေကြတဲ့သူတွေ သတိပြုကြဖို့ဖြစ်ပါတယ်။


NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူတွေရဲ့ နိုင်ငံရေးမှိုင်းလုံးတွေအောက်မှာ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်း ၂၂၀၀ ကျော် သေဆုံးခဲ့ရပြီးပြီ။ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်ဝါဒီတွေအနေနဲ့ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေကို သတ်ဖြတ်နိုင်အောင် လက်နက်၊ ငွေကြေး ထောက်ပံ့ပေးနေသူများလည်း တူသောအကျိုး ရရှိခံစားနိုင်ကြပါစေ။


ဒေါင်းနင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)