MNP ၊ မတ် ၁၃
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် နှင့် သဘာဝဘေး အန္တရာယ်များ ဖြစ်ပွားလာပါက ကာကွယ်နိုင်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များအား ယမန်နေ့ နံနက် ၉ နာရီအချိန် ခရိုင်/မြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် မီးငြိမ်းသတ် သရုပ်ပြမှုများ ဇာတ်တိုက် လေ့ကျင့်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်စင် ၊ မြို့နယ် မီးသတ် ဦးစီးမှူး ဦးစီးအရာရှိ ထွန်းရွှေခိုင် တို့ဦးဆောင်၍ မိမိတို့ မြို့နယ်အတွင်း မီးဘေး အန္တရာယ် နှင့် သဘာဝဘေး အန္တရာယ် များ ဖြစ်ပွားလာပါက ကာကွယ်နိုင်ရေး နှင့် တပ်ဖွဲ့ဝင်များ၏ အရည်အချင်းများ ပိုမိုမြှင့်မား လာ စေရန်အတွက် တပ်ဖွဲ့ဝင် များအား မီးလောင်မှုများ ဖြစ်ပွားပါက စနစ်တကျ မီးငြိမ်းသတ်နိုင်ရေး လေ့ကျင့်ခြင်း ၊ သဘာဝ ဘေးအန္တရာယ်များ ဖြစ် ပွား လာပါက အလျင်အမြန် တုံ့ပြန်နိုင်ရေး နှင့် အခြားသော ဘေးန္တရာယ်များ ကျရောက်သည့် အခါ အရေးပေါ်ရှာဖွေ ကယ် ဆယ်နိုင်ရေး လက်တွေ့ လေကျင့်စေခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့အတူ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မအရှေ့ရပ်ကွက် ၊ ဟိန္ဒူရွာ အတွင်း ရှိ နေအိမ် များ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင် များက ယမန်နေ့ ညနေပိုင်း က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးတင်စော ဦးဆောင်၍ တပ်ဖွဲ့ဝင်များ က မြို့မအရှေ့ရပ်ကွက် ၊ ဟိန္ဒူရွာ အတွင်းရှိ နေအိမ်များသို့ သွားရောက်ကာ ပြည်သူလူထု များ အနေဖြင့် မြို့နယ် အတွင်း မီးဘေး အန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူလူထုများ၏ အသက် အိုးအိမ် စည်းစိမ်များ ဆုံးရှုံး မှုမရှိ စေ ရေး အတွက် မီးကို စနစ်တကျ အသုံးပြုစေရေး ၊ အမှိုက်သရိုက်များအား စနစ်တကျ စွန့် ပစ်ရေး ၊ ဆေးလိပ် သောက် သုံးသူ များဖြင့် ဆေးလိပ်ကို မီးမငြိမ်းသတ်ဘဲ မစွန့်ပစ်စေရေး၊ လျှပ်စစ်မီးအသုံးပြုသူ မိဘ ပြည်သူများ အနေဖြင့် မိမိတို့ နေအိမ် များရှိ လျှပ်စစ်ဝါယာ ကြိုးများ ပေါက်ပြဲမှုရှိမရှိ ၊ လျှပ်စစ်ဝါယာကြိုးများ ၊ မီးပလက် ပေါက်များ ဟောင်းနွမ်းနေ ပါက လည်း သက်ဆိုင်ရာ လျှပ်စစ်ဝန်ထမ်း များ ဖြင့် လဲလှယ်တပ်ဆင် အသုံး ပြုစေရေး၊ ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းချက် ပြုတ်သူများ အနေဖြင့် မီးကြွင်း၊ မီးကျန် များကို စနစ်တကျ မီးငြိမ်းသတ်စေရန် နှင့် နေ အိမ်များတွင်လည်း မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ ၊ရေ ကန် များ၌ ရေများ ဖြည့်တင်းကာ အသင့် ထားရှိရန် လိုအပ် ကြောင်း နှင့် မတော်တဆ မီးလောင်မှု ဖြစ်ပွားပါကလည်း သက်ဆိုင်ရာ မီးသတ် ဦးစီး ဌာနသို့ ချက်ချင်း သတင်း ပေး ပို့ချပါရန် ကွင်းဆင်းစစ်ဆေး အကြံပြု လမ်းညွန်မှာ ကြားခဲ့ကြကြောင်းသိရသည်။
သတင်း - အောင်ကျော်စိန်၊ သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment