ရမ်းဗြဲမြို့နယ်၌ရပ်ကွက်၊ကျေးရွာအုပ်စုများသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသာစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့နယ်၌ရပ်ကွက်၊ကျေးရွာအုပ်စုများသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသာစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေး





MNP - မတ်    ၁၃  

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊  ရမ်းဗြဲမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်သတ်မှတ်စံနှုန်းပြည့်မီနှင်ရေးနှင့် ပြည်သူများ   “လူမှုဘဝပြည့်စုံဖို့၊ နိုင်ငံသားကတ်ကိုင်ကြစို့ ” ဆောင်ပုဒ်နှင့်အညီ   မြို့နယ်အတွင်းရှိ ရပ်ကွက် ၊ ကျေးရွာအုပ်စုများသို့ သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ဆောင်ရွက်ခြင်းကိုကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က လမုခြေကျေးရွာအုပ်စုနှင့် ရမ်းပေါက်ချောင်းဖျားကျေးရွာအုပ်စုများသို့သွားရောက်ပြီး အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်ခြင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ဆောင်ရွက်‌‌ပေးခြင်းကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

အဆိုပါ ဆောင်ရွက်ရာသို့  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊  ရမ်းဗြဲမြို့နယ်ဦးစီးမှူးရုံးမှလဝကမှူး ဦသန်းထွဋ်မင်းနှင့်နှင့်ဝန်ထမ်း ၃ ဦးတို့မှ လမုခြေကျေးရွာအုပ်စုသို့၎င်း ဒုလဝကမှူး ဦးစိုးစံထွန်းပါ ဝန်ထမ်း ၄ ဦးပါ အဖွဲ့တို့မှ ရမ်းပေါက်ချောင်းဖျားကျေးရွာအုပ်စုသို့၎င်းကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရမ်းဗြဲမြိုနယ်အတွင်းရှိရပ်ကွက်၊ကျေးရွာ အတွင်းနေထိုင်ကြသည့် ပြည်သူများအား  ပြောင်းရွေ့ ၊ ခွဲထွက်လိုသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း မပြုလုပ်ရသေးသောသူများကို အိမ်ထောင်စုလူဦးရေးစာရင်းပြုလုပ်ပေးခြင်း၊ ပျောက်ဆုံးပျက်စီးမှုများအား မိတ္တူပြုလုပ်ဆောင်ရွက်ပေးခြင်းများနှင့် ဖွား သေ စာရင်းများအတွက်ပယ်ဖျက်ခြင်း၊ ရေးသွင်းခြင်းများဆောင်ရွက်ပေးခြင်းများနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသောပြည်သူများအား အသက်(၁၀) နှစ်ပြည့် နှင့် အသက်(၁၈)နှစ်နှင့်အထက်ရှိပြည်သူများကိုနိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းများကို အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

သတင်း - အောင်နိုင် 

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)