MNP - မတ် ၁၃
ရှမ်းပြည်နယ် (မြောက်ပိုင်း) "ဝ" ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်ရှိ (၃၁) ဘုံ ဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏ (၃၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်း အမှတ်အဖြစ် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ စတင်ယှဉ်ပြိုင်ကစားခြင်းကို ဟိုပန်မြို့ (၃၁) ဘုံစေတီကုန်း ကျောင်းတိုက် ဝန်းအတွင်း၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် ဟိုပန်မြို့နယ်ရှိ ပိုက်ကျော်ခြင်း အားကစားအသင်း (၁၃) သင်းမှ အုပ်စု (၄) စုခွဲ၍ ဝင်ရောက်ယှဉ်ပြိုင် ကစားသွားမှာဖြစ်ပြီး (၃၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို မတ်လ (၁၂) ရက်နေ့မှ (၁၆) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဟိုပန်မြို့ ပွဲတော်ကျင်းပရေး ကော်မတီထံမှ သိရှိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment