MNP - မတ် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသည့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား မတ်လ ၉ ရက်နေ့မှစတင်၍ ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့မှ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ မတ်လ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ၁၂နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးရသေးသည့် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ အသက် ၁၈ နှစ်အထက် ဒေသခံပြည်သူများ၊ မသန်စွမ်းသူများ၊ အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) အခမဲ့ကွင်းဆင်းထိုးနှံ ပေးလျက် ရှိကြောင်း၊ ကာကွယ်ဆေး ထိုးနှံပေးရာတွင်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် အညီ ဖြစ်စေရေး လူတစ်ဦးနှင့်တစ်ဦးအကြား ခြောက်ပေအကွာအဝေး သတ်မှတ်ပြီး စနစ်တကျနေရာယူစေခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်စေခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်များကို ဆေးကြောစေခြင်း၊ စနစ်တကျမှတ်ပုံတင် ဖြည့်သွင်း ပေးခြင်းများ ဆောင်ရွက်ကြကြောင်း၊ မြို့နယ်တွင် ၁၈ နှစ်ပြည့် ဆေးထိုးနှံရမည့်သူဦးရေ ၆၈၀၇၆ ရှိရာ ယနေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၄၄၀၇၀ ဦးရှိကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment