ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများအား MCCT အစီအစဉ်ဖြင့် ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများအား MCCT အစီအစဉ်ဖြင့် ထောက်ပံ့ငွေများပေးအပ်


MNP - မတ်   ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ   မွေးဖွားလာသော   အသက်(၂)နှစ်အောက်  ကလေးများအား MCCT အစီအစဉ်ဖြင့် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ် ဦးစီးအရာရှိ ဒေါ်ရတနာမော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့ပေါ် (၁၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၀၈) အုပ်စုမှ အကျိုးခံစားခွင့်ရရှိ‌သော ကိုယ်ဝန်ဆောင် (၄၇၄၄) ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ် (၂၉၇၄) ဦးအနက်မှ ကျေးရွာအုပ်စု (၁၇) အုပ်စုမှ ကိုယ်ဝန်ဆောင်မိခင် (၇၃၈) ဦးနှင့် ကလေးငယ် (၄၃၂) ဦး စုစုပေါင်း (၁၁၇၀) ဦးအတွက် ထောက်ပံ့ငွေ (၅၀၄၄၅၀၀၀) ကျပ်အား ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

သတင်း - အောင်အောင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)