ပုသိမ်မြို့နယ်အတွင်းရှိ တရားဝင် စက်သုံးဆီအရောင်းဆိုင်များနှင့် ရွှေဆိုင်လုပ်ငန်းရှင်များမှ ပုသိမ်မြို့နယ် ကိုဗစ်-၁၉ ကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်မြို့နယ်အတွင်းရှိ တရားဝင် စက်သုံးဆီအရောင်းဆိုင်များနှင့် ရွှေဆိုင်လုပ်ငန်းရှင်များမှ ပုသိမ်မြို့နယ် ကိုဗစ်-၁၉ ကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်း

 


MNP - မတ်    ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ စုပေါင်းရုံး အစည်းဝေးခန်းမ၌ ပြုလုပ်သည့် စက်သုံးဆီအရောင်းဆိုင်များနှင့် ရွှေဆိုင်လုပ်ငန်းရှင်များမှ ပုသိမ်မြို့နယ်၊ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများတွင် သုံးစွဲရန်အတွက် အလှူငွေပေးအပ်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ယမန်နေ့ နေ့လည်ပိုင်းအချိန်တွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ ပုသိမ်မြို့နယ်၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပုသိမ်မြို့နယ် ကိုဗစ်-၁၉ ကော်မတီအဖွဲ့ဥက္ကဋ္ဌမှ အမှာစကားပြောကြားပြီး၊ တရားဝင်စက်သုံးဆီ အရောင်းဆိုင်များမှ လှူဒါန်းငွေ ဆယ့်ငါးသိန်းကျပ်(ပုဂ္ဂလိက)၊ တရားဝင်စက်သုံးဆီ အရောင်းဆိုင်များ(အစိုးရ)မှ ကိုးသိန်းခြောက်သောင်းကျပ်၊ ရွှေဆိုင်လုပ်ငန်းရှင်များမှ နှစ်ဆယ့်တစ်သိန်း ငါးသောင်းကျပ်ကို ပုသိမ်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့သို့ ပေးအပ်လှူဒါန်းရာ ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။ အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးမှ လှူဒါန်းမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဗိုလ်မှူး မင်းမင်းက အလှုရှင်များအား ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)