ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ပြည်သူလူထုများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ပြည်သူလူထုများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံ


MNP - မတ်    ၄

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ပြည်သူလူထုများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose  ဆက်လက်ထိုးနှံခြင်းကို ယနေ့၊ နံနက် (၉)နာရီမှ ညနေ(၄) နာရီ ထိ ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန်ဘုရားကြီး သိမ်တော်၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္က ဦးဇော်သိန်းနှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်စစ်ထွန်း ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ စာရင်းများကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် သွေးတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်းစသည့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ကာ ပုံမှန်အခြေအနေ ရှိသူများအား ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

အဆိုပါ ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose အား ယမန်နေ့က အသက်(၅၅)နှစ် အထက်ပြည်သူ ၁၈၇ ဦးနှင့် အသက်(၆၅)အထက်ပြည်သူ ၁၃၃ ဦးတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီထိုးနှံပေးခဲ့ပြီး၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ နှင့်ပြည်သူစုစုပေါင်း(၅၂၇၀)ဦးတို့ကို ထပ်ဆောင်း ကိုဗစ်-၁၉  ကာကွယ်ဆေး Booster Dose အား ထိုးနှံပြီးစီးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

သတင်း - နီထွန်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)