အသက်(၁၂)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အသက်(၁၂)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံ

MNP - မတ်    ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် (၂၈-၂-၂၀၂၂) ရက်နေ့တွင် အသက်(၁၂)နှစ် ပြည့်ပြီး ကိုဗစ်-၁၉ ရေ

ာဂါကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် (Grade-6) ကျောင်းသား/ကျောင်းသူ (၁၁)ဦးအား သက်ဆိုင်ရာမြို့နယ်ပညာရေးဌာန အစီအစဉ်ဖြင့် စာရင်းပြုစု၍ ယနေ့ နံနက်ပိုင်းက ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမ ကာကွယ်‌ဆေးထိုးစုရပ်တွင် (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံရာတွင် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covishield) ဆေးအမျိုးအစားအား (ပထမအကြိမ်) ထိုးနှံ ဆောင်ရွက်ပေးခြင်းကို သက်ဆိုင်ရာ ကျန်းမာရေးဌာန၊ မြို့အဆင့်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့နှင့် စေတနာ့  ဝန်ထမ်းလူမှုရေး အသင်းအဖွဲ့ဝင်များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုနှစ် ပညာသင်နှစ်အတွက်  (အထက) ငါးသိုင်းချောင်းကျောင်းတွင် (၃၁-၃-၂၀၂၂)ရက်နေ့၌ အသက် (၁၂)နှစ်ပြည့်ပြီး  ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျောင်းသား၊ ကျောင်းသူ (၁၇)ဦး ကျန်ရှိနေ‌ကြောင်း သိရှိရပြီး အဆိုပါ ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ် ဆေးထိုးရက်များတွင် ကာကွယ်ဆေး ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)