MNP - မတ် ၁၂
လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် အိမ်ထောင်စု လူဦးရေစာရှင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့နံနက်(၁၀:၃၀) အချိန်၌ သာကေတမြို့နယ် (၁၀)/တောင်ရပ်ကွက်ရှိ ရန်အောင်မြေ ဓမ္မာရုံတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (၇၈)ကတ်အား ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းပေးအပ်ခဲ့ကြောင်း သိရသည်။
၎င်းအပြင် (၁၀.၃.၂၀၂၂)ရက်နေ့တွင်လည်း သာကေတမြို့နယ် အမှတ်(၈)ရပ်ကွက်တွင် ( ၂၂၅) ကတ်၊ ၁၀/တောင်ရပ်ကွက်တွင် (၁၂၇)ကတ်တို့ကိုလည်း ပြည်သူများထံသို့ ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။
သတင်း - ဆောင်းနှင်းဖြူ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment