ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တနင်္သာရီတိုင်းဒေသကြီးရှိ ပုလဲမွေးမြူရေးကျွန်းစခန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တနင်္သာရီတိုင်းဒေသကြီးရှိ ပုလဲမွေးမြူရေးကျွန်းစခန်းများ ကြည့်ရှုစစ်ဆေး

 


MNP ၊ မတ် ၁၃

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်ရှိ ဒုံးပုလဲအော် ကျွန်းပုလဲ မွေးမြူရေးစခန်းသို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း အနေဖြင့် ပုလဲမွေးမြူထုတ်လုပ်ခြင်းကို စခန်း(၁၂)ခုဖြင့် ဆောင်ရွက်လျက်ရှိပြီး ထုတ်လုပ်မှုအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် (၁၂၈) ရာခိုင်နှုန်း ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ဒေသခံများ အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတကာဈေးကွက်တွင် အရည်အသွေးနှင့် အရွယ်အစားအပေါ်မူတည်၍ နှစ်သက်သူများသဖြင့် ဈေးကွက်ပိုမိုရရှိရေး ကြိုးစားဆောင်ရွက်ရန်လိုကြောင်း၊ မုတ်ကောင်သားဖောက်ခြင်း၊ ဝတ်ဆံသွင်းခြင်း၊ မွေးမြူခြင်းလုပ်ငန်းစဉ်တွင် အရည်အသွေး အရွယ်အစား ကောင်းမွန်သော ပုလဲများ ရရှိရေးအတွက် အထူးအရေးကြီးသည့်အတွက် ဌာနနှင့် ကုမ္ပဏီတို့ ပိုမိုပေါင်းစပ်ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းစဉ်အလိုက် စည်းကမ်းများကိုလည်း လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ ပုလဲမွေးမြူ ထုတ်လုပ်ခြင်းမှ ဘေးထွက်ပစ္စည်းအဖြစ် ထွက်ရှိလာသော မုတ်ခွံများကို အသုံးပြုသည့် ကနုကမာ အချောထည်လုပ်ငန်းများကိုလည်း  ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်၊ ဇီဝမျိုးစုံမျိုးကွဲနှင့် အဏ္ဏဝါဂေဟစနစ်များ ကောင်းမွန်မှသာ မုတ်ကောင် မွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိုလည်း အလေးထား ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဒုံးပုလဲအော်ကျွန်းအနီးရှိ ဆလုံရွာ (၂)ရွာအတွက် ဆိုလာမီး အစုံ (၂၀)ကို ဒေသခံများထံပေးအပ်ပြီး ဒုံးပုလဲအော်ကျွန်းစခန်းရှိ မုတ်ကောင်သားဖောက်ခြင်း၊ ဝတ်ဆံသွင်းခြင်းနှင့် ပုလဲဖော်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကျွန်းစုမြို့နယ်၊ နတ်သမီးရေတွင်းကျွန်းနှင့် ပြင်စဘုကျွန်းရှိ မွေးမြူရေး ရေပြင်တွင် Surface Long Line System ဖြင့် မုတ်ကောင်မွေးမြူထားမှုကို ကြည့်ရှု စစ်ဆေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘုတ်ပြင်းမြို့နယ် ဒိုမယ်ကျွန်းစခန်းတွင် ပုလဲထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။ ယင်းနောက် ဇင်ယော်ကျွန်းရှိ မွေးမြူရေး ရေပြင်တွင် Surface Long Line System ဖြင့် မုတ်ကောင်မွေးမြူထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)