MNP ၊ မတ် ၁၃
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံတွင်ရှိသည့် ဇီဝဗေဒ ဓါတ်ခွဲခန်းများ၏အသေးစိတ်အချက်အလက်များအားလုံးကိုထုတ်ပြန်ပေးရန်နှင့် ၎င်းတို့၏ဘေးကင်းရေးကိုအာမခံချက်ပေးနိုင်ရန်သက်ဆိုင်ရာအသီးသီးသို့ မတ်လ၈ရက် (အင်္ဂါနေ့)တွင်တိုက်တွန်းတောင်းဆိုခဲ့သည်။
မကြာသေးမီကထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်များထဲတွင် အဆိုပါဇီဝဓါတ်ခွဲခန်းများ၌ အန္တရာယ်ရှိသည့်ဗိုင်းရပ်စ်ပမာဏများစွာသိုလှောင်ထားရှိပြီးအမေရိကန်က ဇီဝဗေဒ စစ်ရေးအစီအစဉ်များအတွက်အသုံးပြုရန်ဖြစ်သည်ကို ရုရှားနိုင်ငံဘက်မှစစ်ဆင်ရေးလုပ်ဆောင်စဉ် တွေ့ရှိခဲ့ရသည်ဟုဖော်ပြပါရှိသည်။
ယူကရိန်းပြည်သူများ၊ပတ်ဝန်းကျင် နှင့်တစ်ကမ္ဘာလုံး ၏ကျန်းမာရေးနှင့်လုံခြုံရေးအတွက် သက်ဆိုင်ရာ အဖွဲ့များနှင့် နိုင်ငံများအနေဖြင့်အဆိုပါဓါတ်ခွဲခန်းများ၏ဘေးကင်းလုံခြုံစေရေးကို အသေအချာအာမခံ သင့်ကြောင်း ပြောရေးဆိုခွင့်ရသူ ကျောက်လီကျန်းကနေ့စဉ်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။
အထူးသဖြင့် အမေရိကန်နိုင်ငံကဲ့သို့ ဓါတ်ခွဲခန်းတွေအကြောင်းကောင်းကောင်းသိတဲ့ နိုင်ငံအဖို့ မည်သည့်အမျိုးအစားဗိုင်းရပ်စ်များအားသိုလှောင်ထားသည်နှင့် မည်သည့်သုတေသနအမျိုးအစားများအား လုပ်ဆောင်နေသည်စသဖြင့် သက်ဆိုင်သည့် သတင်းအချက်အလက်ကိုတိကျစွာအမြန်ဆုံးထုတ်ပြန်ပေးရန် ကျောက် ကဆိုသည်။
အမေရိကန်တို့၏ ယူကရိန်းနိုင်ငံတွင်လုပ်ဆောင်နေသည့် ဇီဝ စစ်ဆင်ရေးလှုပ်ရှားမှုများသည်” အမှန်တကယ်မြင်နိုင်စွမ်းအနည်းငယ်သာရှိပြီး မမြင်နိုင်သည့် ထုထည်ပမာဏက သိပ်ကိုကြီးမားစွာရှိနေကြောင်း ကျောက်ကဆိုသည်။ မတူကွဲပြားသည့်အမည်နာမအမျိုးမျိုး ဖြင့် အမေရိကန် ကာကွယ်ရေးဌာနက နိုင်ငံပေါင်း ၃၀ တွင် ဇီဝ ဓါတု ဓါတ်ခွဲခန်းပေါင်း ၃၃၆ ခုကို ထိန်းချုပ်ထားရှိကြောင်းသိရသည်။
“အမေရိကန်ရဲ့ ရည်ရွယ်ချက် အစစ်အမှန် က ဘာလဲ” “သူတို့ဘာတွေကို လုပ်ဆောင်ခဲ့ပြီးပြီလဲ” အဲဒါတွေက နိုင်ငံတကာအသိုက်အဝန်းအတွက် အမြဲတစေ သံသယဖြစ်နေရတဲ့ အရင်းအမြစ်ပဲ” ဟုကျောက်ကဆိုသည်။
ဒါ့အပြင် အမေရိကန်ကသာ ဇီဝလက်နက်တားဆီးပိတ်ပင်ရေးစာချုပ် BWC အတည်ပြုရေးလုပ်ငန်းစဉ်များကို နှစ်ပေါင်း ၂၀ ကြာ ပိတ်ထားခဲ့ ပြီး ၎င်းတို့၏ နယ်နိမိတ်အတွင်းနှင့်အပြင်ဘက်တွင် ဇီဝလက်နက်များအား အစစ်အဆေးခံရန် တောင်းဆိုမှုကိုလည်းငြင်းဆိုခဲ့သည့်အပြင် နိုင်ငံတကာ အသိုင်းအဝိုင်း ၏ စိုးရိမ်ပူပန်မှုများကိုလည်း ပိုမိုတိုးပွားစေခဲ့ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
“မိမိတို့အနေနဲ့ အမေရိကန်ဘက်ကို ၎င်းတို့ရဲ့ ပြည်တွင်းပြည်ပ ဇီဝစစ်ရေးလှုပ်ရှားမှုများနဲ့ ပတ်သက်ပြီး အပြည့်အဝ ရှင်းလင်းစွာ ထုတ်ပြန်ပေးဖို့ နဲ့ ဘက်စုံစစ်ဆေးမှုတွေကို ခွင့်ပြုပေးဖို့ ထပ်မံတိုက်တွန်းလိုပါတယ်” ဟု ကျောက်ကဆိုသည်။
Ref : (ဆင်ဟွာ)
https://t.me/MyanmarNationalPost
No comments:
Post a Comment