MNP - မတ် ၁၂
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မတ် ၁၀ ရက်နေ့တွင် ပေကုန်းကျေးရွာအုပ်စု၊မတ် ၁၁ ရက်နေ့တွင် မြေဖြူမုံညင်းအုပ်စုများသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးသူ မကျန်ရှိစေ ရေးအတွက် ကျေးရွာများအရောက် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည်။
ရေစကြိုမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ အစည်းများဖြင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသူ မကျန်ရှိစေရေး ကျေးရွာများရှိ ပြည်သူများအား စည်းရုံးပြီး ကာကွယ်ဆေးများရာနှုန်း ပြည့်ထိုးနှံပေးနိုင်ရေး ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပြီး ရေစကြိုမြို့နယ်တွင် ပထမနေ့အဖြစ် ပေကုန်းကျေးရွာအုပ်စု၌ ကာကွယ်ဆေးထိုးနှံသူ (၅၀)ဦးကျော်နှင့် ဒုတိယနေ့တွင် မြေဖြူမုံညင်းအုပ်စု၊ အမက(မူလွန်)နှင့် ဖူလုံကျေးရွာ၊ အောင်ချမ်းသာဓမ္မာရုံ၌ ကာကွယ်ဆေးထိုးနှံသူ ၁၀၀ဦးကျော် ထိုးနှံပေးခဲ့ ကြောင်းနှင့် ရေစကြိုမြို့ပေါ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမတွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
သတင်း - မောင်လုလင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment