အကြမ်းဖက်လှုံ့ဆော် DVB သတင်းဌာနက ဘာသာရေးစော်ကားမှုမြောက်သော ကာတွန်းကို ဖန်တီးဖော်ပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်လှုံ့ဆော် DVB သတင်းဌာနက ဘာသာရေးစော်ကားမှုမြောက်သော ကာတွန်းကို ဖန်တီးဖော်ပြ

 


MNP ၊ မတ် ၁၂

NLD ပါတီ အာဏာလက်မဲ့ဖြစ်ခဲ့ရသည့် အချိန်မှစ၍ ဆူပူအကြမ်းဖက်မှု မျိုးစုံဖြစ်ပေါ်စေရန် လှုံ့ဆော်နေသည့် DVB သတင်းဌာနက ဘာသာရေးစော်ကားသည့် ကာတွန်းကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးဖော်ပြထားသည်ကို တွေ့မြင်ရသည်။

အမျိုးသားရေး ဦးဆောင်သူ ဆရာတော်သံဃာတော်များနှင့် တပ်မတော်ကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးစော်ကားထားသည့် ကြမ်းဖက်လှုံ့ဆော်သူများ ဦးဆောင်သည့် DVB သတင်းဌာနက ဖော်ပြထားသော ကာတွန်းနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများလည်း မြင့်တက်လာခဲ့သည်။

NLD အစွန်းရောက် အုပ်စုနှင့် ပူးပေါင်း၍ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် နည်းမျိုးစုံဖြင့် လှုံ့ဆော်နေသည့် မီဒီယာများသည် ၎င်းတို့အား ထောက်ခံအားပေးခြင်း မရှိသည့် မည်သူ့ကို မဆို ရည်ရွယ်ချက်ရှိရှိ ဖန်တီးစော်ကားမှုများ ပြုလုပ်လျက်ရှိရာ DVB က ဖော်ပြထားသော ကာတွန်းတွင် သံဃာတော်များနှင့် တပ်မတော်၊ ၉၆၉ အဖွဲ့အစည်းအပြင် ရုရှားအလံကိုပါ ထည့်သွင်း ဖော်ပြ၍ ဖန်တီးစော်ကားထားခြင်းဖြစ်သည်။

အဆိုပါ သရုပ်ပျက် ကာတွန်းနှင့် ပတ်သက်၍ ဆရာတော်တစ်ပါးက "ဒါကို မြင်လိုက်ရတော့ စိတ်တော့ မကောင်းဘူးပေါ့နော်။ လက်ရှိအချိန်မှာ သံဃာတော်များ၊ တပ်မတော်သားများ၊ ပြည်သူများ အားလုံးက တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေကြရမယ့် အချိန်ပါ။ ဒီသတင်းဌာနတွေကတော့ သူတို့ကြိုးစွဲရာ မပါရင် ဘုန်းကြီးကို စော်ကားဖို့လည်း ဝန်မလေးဘူး။ ဘုရားကို စော်ကားဖို့လည်း ဝန်မလေးဘူး။ ဒီသတင်းဌာနတွေက ဒီလိုပဲ အစဉ်သဖြင့် လုပ်စားလာကြတာပေါ့နော်။ ဒီအပေါ်မှာ ဦးဇင်အနေနဲ့ကတော့ ပြည်သူတွေကို နားလည်စေချင်တယ်။ မိမိတို့ရဲ့ ကိုးကွယ်ရာ ဘာသာ သာသနာကို အခုလို ရည်ရွယ်ချက်ရှိရှိ ဖန်တီးစော်ကားတယ်။ ဒီလူတွေရဲ့ ရည်ရွယ်ချက်က ဘာလဲ။ မိမိတို့အနေနဲ့ ဒီလိုပုံစံမျိုး တိုင်းပြည်နဲ့ လူမျိုးကို ချနင်းပြီး လုပ်စားနေတဲ့ မီဒီယာတွေ၊ နိုင်ငံရေးသမားတွေကြောင့် မိမိတို့ ဘဝတွေ အပျက်စီးခံကြမှာလား။ သူတို့တွေရဲ့ ဝါဒဖြန့် မှိုင်းတိုက်မှုတွေအောက်မှာ ကိုယ့်ပြည်သူအချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်နေကြတဲ့ လုပ်ရပ်တွေကရော ဘယ်သူတွေအတွက် ကောင်းကျိုးရသလဲ။ လုပ်လိုက်တဲ့သူအတွက်လည်း ကောင်းကျိုး မရသလို၊ ခံလိုက်ရတဲ့ သူတွေမှာလည်း နစ်နာဆုံးရှုံးမှုတွေ များစွာဖြစ်ရတယ်။ ဒီလို ပြည်သူတွေအချင်းချင်း သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေအပေါ်မှာ အမြတ်ရတာကတော့ မှိုင်းတိုက်နေတဲ့ နိုင်ငံရေးလုပ်စားသူတွေနဲ့ အကြမ်းဖက်လှုံ့ဆော် မီဒီယာတွေပဲ မဟုတ်လား။ ပြည်သူတွေ အသိရှိကြပါ။ စဉ်းစား ဆင်ခြင် တွေးတောပြီး လုပ်ကြပါလို့ပဲ ဦးဇင်းပြောချင်ပါတယ်။" ဟု မိန့်ကြားသည်။

DVB သတင်းဌာန ဦးဆောင်သူများသည် မြန်မာနိုင်ငံအတွင်း ခိုးဝင်ဘင်္ဂလီကို လူမျိုးလိမ်အမည်ဖြစ် မြန်မာနိုင်ငံတွင် လက်ခံပေးနိုင်ရေး ဆော်ဒီအာရေဗျဦးဆောင်သော အိုအိုင်စီအဖွဲ့၏ ငွေကြေးပံ့ပိုးမှုဖြင့် အဓိက ဦးဆောင်လှုပ်ရှားနေသူများဖြစ်ပြီး ၎င်းတို့၏ သြဇာခံ Mizzima, The Irrawaddy, Khit Thit Media, Myanmar Now အပါအဝင် ပြည်တွင်းမှ လက်ဝေခံ မီဒီယာများကိုပါ အသုံးချ၍ လူမျိုးလိမ်ကို လက်မခံသည့် တပ်မတော်နှင့် အမျိုးသားရေးအင်အားစုများကို နည်းလမ်းပေါင်းစုံဖြင့် အပုပ်ချ ဖန်တီးစော်ကားမှုများ လုပ်ဆောင်နေကြခြင်းဖြစ်သည်။

https://t.me/MyanmarNationalPost/40851


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)