MNP - မတ် ၁၃
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ သမိုင်းဝင် လည်ရိုးတော်စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ အသစ်ရွေးချယ်တင်မြောက်ပွဲကို ပေါက်တောမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ပေါက်တောမြို့နယ်သာသနာ့ဗိမာန်၌ ယနေ့ မွန်းလွဲ (၁) နာရီက ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ပေါက်တော မြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ မြိုနယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းမှ သာသနာ့ရေးဆိုင်ရာများကို လျှောက်ထားလျက် ဂေါပကအဖွဲ့ ရွေးချယ်တင်မြှောက်ပွဲသို့ တက်ရောက်လာကြသူများက ပေါက်တောမြို့နယ် တောင်ရင်းကျွန်း ကျေးရွာအုပ်စု (၃၂)အုပ်စုမှ ဂေါပကအဖွဲ့ဝင် (၃၇)ဦးတို့က ဂေါပကဥက္ကဋ္ဌနေရာ၊ အတွင်းရေးမှူး နေရာနှင့် ဂေါပကအဖွဲ့ဝင်နေရာများကို ရွေးချယ်တင်မြှောက်ကြသည်။ ဆက်လက်၍ ပေါက်တော မြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော်မှ ဂေါပက အသစ်အမည်များကို အတည်ပြုကြေငြာပေးပြီး နိဂုံးချုပ်ဩဝါဒကထာ မိန့်ကြားကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment