(၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ




MNP - မတ်     ၁၃

မတ်လ  ၁၉  ရက်နေ့တွင်   ကျရောက်မည့် (၄၈)နှစ်မြောက်   မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို  ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်ဂေါက်ကလပ် ဂေါက်သီးရိုက်ကွင်းတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က Golf Ball High Velocity Solid Core ရိုက်ကာ ပြိုင်ပွဲအခမ်းအနားကို ဖွင့်လှစ်ပေးသည်။ အဆိုပါပြိုင်ပွဲတွင် မွန်ပြည်နယ်နှင့်  ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်အသင်း (၃၀) သင်း၊ ဂေါက်သီးရိုက်ကစားသမား (၂၃၀) ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။

ထို့နောက် ဆုပေးပွဲအခမ်းအနားကို ညနေပိုင်းတွင် ဆက်လက်ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က အသင်းလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက Par အများဆုံးဆု၊ ဘာဒီအများဆုံးဆု၊ အဝေးဆုံးရိုက်ချက်ဆု၊ ကျင်းနှင့် အနီးဆုံးရိုက်ချက်ဆု၊ လိုင်းနှင့်အနီးဆုံးဆု၊ အကြိုးစားဆုံးဆုနှင့် အမျိုးသမီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများကိုလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး (၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပရေး အတွက် ပါဝင်သည့်အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့်   မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အမှတ်တရလက်ဆောင်များ ပေးအပ်သည်။ 

မွန်ပြည်နယ်တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်စေရန် အားကစားကဏ္ဍ မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့    ကျန်းမာသန်စွမ်းပြီး   ထူးချွန်ထက်မြက်သော အားကစားသမား ကောင်းများ ပေါ်ထွက်လာစေရန်အတွက် အားကစားကွင်းနှင့်အားကစားဥယျာဉ်များ တည်ဆောက် ကာ လူငယ်နှင့်အားကစားကဏ္ဍကို အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)