MNP - မတ် ၁၃
မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ယမန်နေ့မှ စတင်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ယနေ့တွင်လည်း စာအုပ်ဈေးရောင်းပွဲတော်သို့ လာရောက် ဝယ်ယူဖတ်ရှုလေ့လာသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
(၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေး ရောင်းပွဲတော် တွင် သုတ၊ ရသ စာအုပ်များ၊ ကြီးပွားတိုးတက်ရေး စာအုပ်များ၊ ပုံပြင်စာအုပ်များ၊ ဝတ္ထုများ၊ ကလေးများအတွက် သင်ထောက်ကူစာအုပ်များ၊ ရှားပါးစာအုပ်များကို တစ်နေရာထဲတွင် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်အတွက် စာအုပ်ဆိုင်များမှ လာရောက် ရောင်းချပေးလျက်ရှိသည်။ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်တွင် လူကြီး၊ လူငယ်၊ ကျောင်းသား/ ကျောင်း သူ၊ ဆရာ/ဆရာများမှ မိမိတို့ကြိုက်နှစ်သက်သည့် စာအုပ်များ လာရောက်လေ့လာဖတ်ရှုနိုင်သည့် အပြင်ကလေးများ ပျော်ရွှင်စွာ ဆော့ကစားနိုင်သည့် စကားပုံဆက်၊ ပူစီဖောင်းမှုတ်၊ ဂေါ်လီလုံးပစ်နှင့် အခြားသော ကစားနည်းများလည်း ထည့်သွင်းထားကြောင်း သိရသည်။
အဆိုပါ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်သို့ စာပေချစ်မြတ်နိုးသူများ၊ ကျောင်းသား/ သူများ၊ ဆရာ/မများ၊ လူကြီး၊ လူငယ်များ မိမိတို့ ကြိုက်နှစ်သက်သည့် စာအုပ်များကို လာရောက် လေ့လာဖတ်ရှုနိုင်ပြီး စာအုပ်ဈေးရောင်းပွဲတော်ကို မတ်လ (၁၆) ရက်နေ့အထိ ကျင်းပ သွားမည်ဖြစ် ကြောင်း သိရသည်။
သတင်း - ကျော်စွာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment