ပြည်မြို့လူထုအခြေပြုဗဟိုဌာန Community Centre ၌ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာ အသင်းတို့ ပူးပေါင်း၍ စာအုပ် မိတ်ဆက်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့လူထုအခြေပြုဗဟိုဌာန Community Centre ၌ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာ အသင်းတို့ ပူးပေါင်း၍ စာအုပ် မိတ်ဆက်ပွဲပြုလုပ်


MNP - မတ်     ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ မြို့နယ်စာရေးဆရာ အသင်း အဖွဲ့ဝင် စာရေးဆရာ စိုးဇော်လှိုင် (ဆင်မြီးဆွဲ) ရေးသားထုတ်ဝေသည့် "သုံးပန်လှဒေဝီ" စာအုပ် မိတ်ဆက်ပွဲကျင်းပပြုလုပ်ခဲ့သည်။

စာအုပ်မိတ်ဆက်ပွဲတွင် ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက  မိတ်ဆက် စကားပြောကြားပြီး ပြည်မြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာများ၏ ကိုယ်တိုင်ရေးသား ထုတ်ဝေထားသည့် စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်အား  လူထုအခြေပြု ဗဟိုဌာန၌ လာရောက်ပူးပေါင်း ဆောင်ရွက်သည့်အတွက် ဝမ်းမြောက် ဂုဏ်ယူကြောင်း၊ ယင်းအပြင် စာပေစကားဝိုင်းများ၊ စာရေးသူတို့၏ စာပေဘဝခရီး အတွေ့အကြုံများအား အင်တာဗျူး အစီအစဉ်များနှင့် Talk Show ပြုလုပ်ခြင်းနှင့် အခြားသုတ/ရသ စာပေရေးရာဆိုင်ရာများ အပြန်အလှန်ဆွေးနွေးခြင်း အစီအစဉ် များကိုလည်း ပြည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထု အခြေပြုဗဟိုဌာန Community Centre ၌ လစဉ်လာရောက် ဆောင်ရွက်နိုင်ပါရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။

ထို့နောက် စာအုပ်မိတ်ဆက်ပွဲနှင့် ပတ်သက်၍ ပန်းတောင်းမြို့နယ် စာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးလှကျော်က မုဒိတာစကား ပြောကြားပြီး စာရေးဆရာ စိုးဇော်လှိုင် (ဆင်မြီးဆွဲ)က ၎င်း၏သုံးပန်လှဒေဝီ စာအုပ်အား ရေးသားထုတ်‌ဝေဖြစ်သည့် အခြေ အနေများနှင့် ယင်းစာအုပ်ပါအ ကြောင်းအရာများကို တက်ရောက်လာကြသူများအား ဝေဖန်အကြံပြု ဆွေးနွေးပေးကြပါရန် ပြောကြားရာ  စာရေးဆရာ ဦးညွန့်ရွှေ (ရွှေတံခါး)၊ စာရေးဆရာသက္ကာဦး (ပညာရေး)၊ စာရေးဆရာ မောင်စိမ်းလန်း (ပြည်)တို့က ယင်းစာအုပ်အပေါ် အမြင်များကို အသီးသီးဝေဖန်ဆွေနွေးကြသည်။

အဆိုပါစာအုပ်သည် ဒေသတွင်းပြည်သူများ လက်ဆင့်ကမ်း ယုံကြည်ခဲ့ကြသည့် လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကျော်က သရေခေတ္တရာပျူခေတ်ဘုရင် ဒွတ္တဘောင်မင်းကြီး၊ တောင်ညိုဘုရင်၊ ပန်ထွာမင်းသမီးနှင့် သုံးပန်လှမင်းသမီးလေး တို့၏ ဆက်စပ်ပတ်သက်မှု လွမ်းမောဖွယ်ရာ ဘဝဇာတ်လမ်းများကို  ဇာတ်လမ်း ဇာတ်အိမ်များဖြင့် စာရေးသူက ဝတ္ထုရှည်အဖြစ် ခံစားရေးသားထားပြီး  ရန်ကုန်မြို့ မွှေးနံ့သာစာပေက ယခုနှစ် မတ်လတွင် ပထမအကြိမ် ထုတ်ဝေကြောင်း သိရသည်။

သတင်း - ကိုဆက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)