MNP - မတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် တိုင်းဒေသကြီးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော နွားမေထုံမဲ့သားစပ်ခြင်း၊ တိရစ္ဆာန်အစာ အချဉ်ဖတ်ပြုလုပ်ခြင်းနှင့် ဇိဝ မြေသြဇာပြုလုပ်ခြင်း သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဟင်္သာတခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းက သင်တန်းဆင်းအမှားစကား ပြောကြားကာ သင်တန်းနည်းပြ ပြည်ခရိုင် ဦးစီးမှူး ဒေါက်တာသန်းဇော်ဦးက သင်တန်းပို့ချပေးခဲ့မှု အခြေအနေများကို လည်းကောင်း၊ ဒေါက်တာ ငွေခြည်မှူးမှ Power Point ဖြင့် သင်တန်း ဖွင့်လှစ်ဆောင်ရွက်ခဲ့မှုနှင့် သင်တန်းတွင် စာတွေ့လက်တွေ့ သင်ကြားခဲ့မှုများကို လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး တာဝန်ရှိသူများ က သင်တန်းတွင် ထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြပြီး သင်တန်းသားများကိုယ်စား တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ဟင်္သာတခရိုင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ အောင်သူမျိုးက သင်တန်းဆင်း နိဂုံးချုပ်အမှာစကား ပြောကြားကာ တက်ရောက် လာကြသူများက သင်တန်းတွင် ပြသသင်ကြားပေးသော ဆေးဝါးများ၊ လက်တွေ့မေထုံမဲ့ သားစပ်နည်းများကို လိုက်လံကြည့်ရှုခဲ့ကြသည်။ ယနေ့ သင်တန်းကို ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များမှ သင်တန်းသား (၃၂)ဦး တို့တက်ရောက်ခဲ့ကြပြီး သင်တန်းအား ကျန်းမာရေး ဝန်ကြီးဌာနမှ ထုန်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းများနှင့် အညီ (7.3.2022)မှ (13.3.2022) ထိ စာတွေ့လက်တွေ့ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ကိုဇော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment