မိုးညိုမြို့နယ်တွင်ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးသူများအားဒုတိယအကြိမ်ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့နယ်တွင်ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးသူများအားဒုတိယအကြိမ်ဆက်လက်ထိုးနှံပေး




MNP - မတ်    ၄

 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊မိုးညိုမြို့နယ်တွင် မြို့နယ်ကိုဗစ် -၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲအချိန်က မိုးညိုမြို့၊ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဇန်နဝါရီ ၂၇/၂၈ရက်တို့တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ်ဆက်လက် ထိုးနှံပေးလျက်ရှိပြီးအသက်၁၈နှစ်ပြည့်ပြီး   ကာကွယ်ဆေးတစ်  ကြိမ်တစ်ခါမှ ထိုးနှံခြင်းမရှိသေးသည့် ပြည်သူများအားဆက်လက်ထိုးနှံပေးလျက်ရှိသည်။

 အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း  ကာကွယ်ဆေးထိုးနှံခြင်းအား  ကိုဗစ်-၁၉ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်းမြို့နယ်ကျန်းမာ ရေးဦးစီးဌာနမှသိရသည်။

 သတင်း - ကိုမင်း                

မြန်မာနေရှင်နယ်ပို့စ်                                   

                              


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)