ရုရှား၊ ယူကရိန်းတို့ ဒုတိယအကြိမ် ဆွေးနွေးမှုများ ပြီးဆုံး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံ စီစဉ်ရန် သဘောတူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှား၊ ယူကရိန်းတို့ ဒုတိယအကြိမ် ဆွေးနွေးမှုများ ပြီးဆုံး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံ စီစဉ်ရန် သဘောတူ


ကိဗ်၊ မော်စကို၊ မတ် ၄ 

ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့က ဘီလာရုစ်နိုင်ငံတွင် မတ် ၃ ရက်က ဒုတိယအကြိမ်ဆွေးနွေးမှုများအတွင်း အရပ်သားများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံများ စီစဉ်ရန် သဘောတူခဲ့ကြကြောင်း ယူကရိန်း သမ္မတ အကြံပေး Mykhailo Podoliak က တွစ်တာပေါ်၌ အတည်ပြုပြောကြားခဲ့သည်။ 

“လူသားချင်းစာနာထောက်ထားမှု စင်္ကြံများ စီစဉ်မှုအတွက်သာ အဖြေရရှိခဲ့ပါတယ်” ဟု  Podoliak တွစ်တာ၌ ရေးသားထားသည်။ 

မတ် ၃ ရက် ဆွေးနွေးမှုများအတွင်း နှစ်နိုင်ငံတို့သည် စစ်ဘက်ဆိုင်ရာရေးရာများ၊ လူသားချင်းစားနာထောက်ထားမှုကိစ္စရပ်များနှင့် အနာဂတ်တွင် ပဋိပက္ခ နိုင်ငံရေးအခြေကျရေး စသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ရုရှားနိုင်ငံ သမ္မတ၏ လက်ထောက်လည်းဖြစ်၊ ရုရှားကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်လည်းဖြစ်သူ Vladimir Medinsky က ပြောကြားခဲ့သည်။ 

“အနေအထားတွေကတော့ လုံးဝရှင်းရှင်းလင်းလင်း ဖြစ်ပါတယ်။ အဲဒီထဲက အချို့ကိုတော့ နားလည်မှုရရှိအောင် ကျွန်တော်တို့ စီမံနိုင်ခဲ့ပါတယ်” ဟု ၎င်းက ဆိုပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံဖော်ဆောင်ရေးမှာ “အဓိက တိုးတက်မှု” ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။ 

ရုရှားနိုင်ငံ၏ TASS သတင်းဌာနကလည်း ဒုတိယအကျော့ဆွေးနွေးပွဲများ ပြီးဆုံးပြီဖြစ်ကြောင်း မတ် ၃ ရက် အစောပိုင်းက သတင်းဖော်ပြခဲ့သည်။ 

ထို့ပြင် တတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှုများကိုလည်း မကြာမီ ပြုလုပ်မည်ဟု Podoliak က မီဒီယာအားပြောကြားခဲ့ကြောင်း ယူကရိန်းမီဒီယာက ဖော်ပြခဲ့သည်။ 

ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး (Volodymyr Zelensky) ကလည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများအပေါ် မှတ်ချက်ပြုရာ၌ မည်သည့်ဆွေးနွေးမှုမျိုးမဆို အဓိပ္ပါယ်ရှိကြောင်း ယင်းနေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။


Ref : (ဆင်ဟွာ) 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)