တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးမြင့်ဦး အခြေခံမဲဆန္ဒရှင် စာရင်းများမှန်ကန်ရေးအတွက်မြေပြင်လူဦးရေစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်းရှေ့ပြေးလုပ်ငန်းစီမံချက်ဖွင့်ပွဲအခမ်းအနား သို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးမြင့်ဦး အခြေခံမဲဆန္ဒရှင် စာရင်းများမှန်ကန်ရေးအတွက်မြေပြင်လူဦးရေစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်းရှေ့ပြေးလုပ်ငန်းစီမံချက်ဖွင့်ပွဲအခမ်းအနား သို့တက်ရောက်

 









MNP - မတ်   ၁၄


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က တနင်္သာရီတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအခြေခံမဲဆန္ဒရှင်စာရင်း များမှန်ကန်ရေးအတွက်မြေပြင်လူဦးရေစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်းရှေ့ပြေးလုပ်ငန်းစီမံချက်ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့ ၊ မြို့တော်ခန်းမ၌ကျင်းပသည်။


အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ကချမှတ်ထားသောရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် အမှတ်စဉ်(၁)ဖြစ်သောမဲစာရင်း စစ်ဆေးခြင်း အပါအဝင်လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပြီးအမှတ်စဉ်(၅) ဖြစ်သော အရေးပါ်ကာလဆိုင်ရာပြဌာန်းချက်များနှင့်အညီဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင်အခြေခံလူဦးရေ ၁၅ သိန်းကျော်ရှိသည့်အနက် ၅သိန်း ၈ သောင်းကျော်စာရင်း ကောက်ယူပြီးဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်းသည်အရေးကြီးသော လုပ်ငန်း တစ်ခုဖြစ်သည့်အတွက် ယခင်က ဖြစ်ပေါ်ခဲ့သောအမှားများ၊အားနည်းချက်များအပေါ် အခြေခံပြီးအကောင်းဆုံး ဆောင်ရွက် နိုင်ရေး အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ က ထုတ်ပြန်ထားသော နည်းလမ်းများအတိုင်း ဂရုတစိုက် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့်မဲစာရင်းအမှန်ကောက်ယူနိုင်ရေးအတွက်အဓိက ဟာကွက် မရှိအောင် ဆောင်ရွက်ရန် လိုအပ် ကြောင်း၊မဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်းသည်ရွေးကောက်ပွဲလုပ်ငန်းတစ်ခုတွင် အချိန်ယူ ဆောင်ရွက် ရပြီး အရေးကြီး သောလုပ်ငန်းတစ်ခုဖြစ်သောကြောင့်  အလေး အနက်ထား ဆောင်ရွက်ကြရန်လိုအပ်ကြောင်းပြောကြားသည်။


ထို့နောက်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦး က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကရှေ့လုပ်ငန်း စဉ်(၅)ရပ်ချမှတ်ဆောင်ရွက်လျက်ရှိရာ အမှတ်စဉ်(၅) လုပ်ငန်းစဉ်တွင် အရေးပေါ် ကာလဆိုင်ရာပြဌာန်း ချက် များနှင့် အညီ  ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ( ၂၀၀၈ ခုနှစ် ) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအားပြန်လည်ကျင်းပ၍အနိုင်ရသည့်ပါတီအားဒီမိုကရေစီစံနှုန်းများနှင့်အညီနိုင်ငံတော်တာဝန်အား  လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါကြောင်း၊ မြို့နယ်အလိုက် အခြေခံမဲ ဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အိမ်ထောင်စုစာရင်းပုံစံ ( ၆၆/၆ ) အပေါ် အခြေခံပြီး ပြုစုလျက်ရှိကြောင်းပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ရုံး လက်ထောက် ညွှန်ကြားရေးမှူးက စာရင်း ပြုစုရေးသွင်းခြင်းဆောင်ရွက်မည့်လုပ်ငန်းစဉ် အဆင့်ဆင့်အား Power Point ဖြင့်အကျယ် တဝင့်ရှင်းလင်းပြောကြားသည်။


ဆက်လက်၍တာဝန်ရှိသူများကဆောင်ရွက်နေသည့်လုပ်ငန်းစဉ်အခြေအနေအားရှင်းလင်းဆွေးနွေးတင်ပြရာတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို က မြေပြင်လူဦးရေစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်းရှေ့ပြေး လုပ်ငန်းစီမံချက်အား တိုင်းဒေသကြီးအစိုးရအဖွဲအနေဖြင့် လိုအပ်သလိုပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးမြင့်ဦး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေးနှင့်တာဝန်ရှိသူများက မဲဆန္ဒရှင်စာရင်းများရေးသွင်းနေမှုအားကြည်ရှု့ အားပေးခဲ့ကြောင်းသတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)