MNP - မတ် ၁၄
စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ကျောင်းသားလူငယ်များ၊ စာဖတ်ပရိသတ်များ၊ အသိပညာဗဟုသုတတိုးပွားလာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြတ်လာစေရန် ရည်ရွယ်၍ ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ အရုပ်ခေါက်ခြင်းအစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူး တင်ဆက်ပေးလျက်ရှိရာ ယနေ့ နေ့လယ် ၁ နာရီက စကောကရင် ပကညော စာပေနှင့်ယဉ်ကျေးမှု ကော်မတီမှ ရေးသားပြုစုထားသော “တိရစ္ဆာန်လေးတွေဘာလုပ်နေလဲ” ခေါင်းစဉ်ဖြင့် ပုံပြင်ပြောခြင်း အစီအစဉ်ကို ရိုက်ကူး၍ ထုတ်လွှင့်တင်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးခြင်းအစီအစဉ်များကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်အချိန်ကာလတွင် စာကြည့်တိုက်သို့ လာရောက်၍ စာဖတ်ရှုခြင်း မပြုနိုင်သည့် စာဖတ်ပရိသတ်များအတွက် စာပေဗဟုသုတ များ ရရှိစေရန် ပဲခူးခရိုင် ဒုတိယ ဦးစီးမှူးနှင့် ဝန်ထမ်းများက ရိုက်ကူးလျက် ပဲခူးခရိုင် ပြည်သူ့စာကြည့်တိုက် Online Page မှတဆင့် စဉ်ဆက်မပြတ် ထုတ်လွှင့်တင်ဆက် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment