MNP - မတ် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးမြင့်နှင့် ဝန်ထမ်းများက ယမန်နေ့နံနက်(၉) နာရီအချိန်က ပန်းခင်းစီမံချက် ဖြင့် မင်းသားကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရေဖြူမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမျိုးမြင့်နှင့် ဝန်ထမ်းများက ရေဖြူမြို့နယ်၊ မင်းသားကျေးရွာအတွင်း နေထိုင်လျက်ရှိသည့် ကျေးလက်နေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားကို အသက် (၁၀) နှစ်ပြည့်(၃၅)ဦး၊ အသက်(၁၈)နှစ်ပြည့်(၃၄)ဦး ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့် လဲလှယ်ပေး ခြင်း(၃၀)ဦး၊ မိတ္တူ(၃၁)ဦး စုစုပေါင်း(၁၀၃)ဦး တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ရေဖြူမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများက ပန်းခင်းစီမံချက် အသိပညာပေးလက်ကမ်းစာစောင်များအား မင်းသားကျေးရွာ ပြည်သူများသို့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုလူဦးရေစာရင်းကို ရပ်ကွက်/ကျေးရွာ များအရောက် ကွင်းဆင်း၍၂၀၂၁ခုနှစ် မေလ ၃ ရက်နေ့မှ စတင်ကာ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
သတင်း - ခတ္တာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment