ဒုတိယဝန်ကြီး ဦးညွန့်အောင် စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများ ဈေးကွက်အတွင်း တရားမဝင် ဖြန့်ဖြူးရောင်းချနေမှုများအပေါ် တားဆီးထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးညွန့်အောင် စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများ ဈေးကွက်အတွင်း တရားမဝင် ဖြန့်ဖြူးရောင်းချနေမှုများအပေါ် တားဆီးထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်



MNP ၊ မတ် ၁၄

စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများ ဈေးကွက်အတွင်း တရားမဝင်ဖြန့်ဖြူး ရောင်းချနေမှု များအပေါ် တားဆီးထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ အစည်းအဝေး ခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

ဦးစွာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်က အဖွင့်အမှာစကား ပြောကြား သည်။ ထို့နောက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုးနှင့် တာဝန်ရှိသူများက စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများ၊ ဈေးကွက်အတွင်း တရားမဝင်ဖြန့်ဖြူးရောင်းချနေမှုများအပေါ် တားဆီးထိန်းချုပ်နိုင်ရေးကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးရာ တက်ရောက်လာသူများမှ ဝိုင်းဝန်း ဆွေးနွေးကြသည်။

ယင်းနောက် စက်ဆီ၊ ချောဆီနှင့် ဆက်စပ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ဈေးကွက်အ တွင်း ဆင်တူယိုးမှား အတုအပပြုလုပ်ရောင်းချခြင်း၊ တရားဝင်ခွင့်ပြုချက် လိုင်စင်မရှိသော အမှတ်တံ ဆိပ်များနှင့် ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချနေမှု၊ ဈေးကွက်အတွင်း နာမည်ကျော်ကြား လူသိများသော ကုန်အမှတ် တံဆိပ်များကို အရည်အသွေးမမှန်ကန်သော ကုန်ပစ္စည်းများဖြင့် ဆင်တူယိုးမှား တုပ၍ ဖြန့်ချိရောင်းချခြင်းများ အပေါ် ဖော်ထုတ်အရေးယူပေးရန် တင်ပြသည်။

တရားမဝင်ကုန်သွယ်မှု တားဆီးတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအနေဖြင့်  တစ်နိုင်ငံလုံးတွင် တိုင်းဒေသကြီး/ပြည်နယ်များအလိုက် အထူးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သတင်းပေး တိုင်ကြားနိုင်သော ဖုန်းနံပါတ်များ၊ E-mail လိပ်စာများ ကြေညာထားကြောင်း၊ သတင်းအရစစ်ဆေး ခြင်း၊ ပုံမှန်စစ်ဆေးခြင်း၊ ရှောင်တခင်စစ်ဆေးခြင်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြောင်း၊ တရားဝင်လမ်းကြောင်းပေါ်မှ တရားဝင် အခွန်ပေးဆောင်တင်သွင်းကြသော ကုန်သည်လုပ်ငန်းရှင်များ အတွက် ဆုံးရှုံးနစ်နာမှုမရှိစေရေး တရားမဝင်လုပ်ကိုင်နေမှုများအပေါ် ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းပေးတိုင်ကြားမှု များ ပြုလုပ်ပေးရန်ဖြစ်ကြောင်း ဆွေးနွေးသည်။

တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်၍ တရားမဝင်ကုန်သွယ်မှုသတင်းများ၊ ကုန်သွယ်မှု ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ငွေကြေးတောင်းခံမှုဆိုင်ရာ သတင်းများအား တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ တယ်လီဖုန်းအမှတ်၊ ၀၆၇-၄၀၉၈၈၁၊ ၀၆၇-၄၀၉ ၈၈၃၊ ၀၉-၄၀၄၃၃၉၉၆၉၊ ၀၉-၆၉၉၆၁၁၁၁၆၊ ဖက်(စ်) အမှတ်၊ ၀၆၇- ၄၀၉ ၈၈၇၊ ၀၆၇-၄၀၉ ၈၈၆ နှင့် အီးမေး(လ်) antiillegaltradeoffice@gmail.com များသို့ လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ကြောင်း သိရသည်။  

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)