ပြည်မြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ဧကလျာထားချက်ထက် ဧက ၆၀၀ ကျော် ပိုမိုစိုက်ပျိုးနိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ဧကလျာထားချက်ထက် ဧက ၆၀၀ ကျော် ပိုမိုစိုက်ပျိုးနိုင်





MNP - မတ်    ၁၄

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် ယခုနှစ်နွေစပါးစိုက်ပျိုးမှု လျာထားချက်ထက် ‌ဧက ၆၀၀ကျော် ပိုမိုစိုက်ပျိုးထားနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပြည်မြို့နယ်၏ ယခုနှစ်နွေစပါးစိုက်ပျိုးရန် ဒေသလျာထားချက်မှာ ၁၃၈၃၆ ဧကဖြစ်‌ကြောင်းနှင့် လက်ရှိတွင် ယနေ့အထိ နွေစပါး ၁၄၅၁၀ ဧကစိုက်ပျိုးထားပြီးဖြစ်၍ လျာထားချက်ထက် ၆၇၄ ဧက ကျော်လွန်စိုက်ပျိုးနိုင်ကြောင်းနှင့် ယခုလကုန်အထိ ဆက်လက်ထပ်မံစိုက်ပျိုးသွားရန်လည်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအောင်ဆန်းဝင်း ကပြောသည်။

ပြည်မြို့နယ်တွင် ယမန်နှစ်က နွေစပါး ဒေသလျာထားချက်နှင့် စီမံကိန်းလျာထားချက် ၉၇၁၅ ဧက ရာနှုန်းပြည့်စိုက်ပျိုးနိုင်ခဲ့‌ကြောင်းနှင့် ယခုနှစ်တွင်လည်း " ရတနာတိုး၊ နယူးဧရာ၊ ထိုင်းနှံကောက်၊ သက်တမ်းတိုဧရာမင်း" အစရှိသည့် အထွက်နှုန်းကောင်းမွန်သည့်မျိုးကောင်းမျိုးသန့်များဖြင့် ဒေသလျာထားချက်ပြည့်မီကျော်လွန်စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သတင်း - ကိုဆက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)