MNP - မတ် ၁၃
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ သောက်သုံးရေအခက်အခဲ ကြုံတွေ့နေရသော ဘုန်းတော်ကြီး ကျောင်းများနှင့် စက်မှုဇုံတိုက်ပွဲရှောင် ကယ်ဆယ်ရေးစခန်းသို့ ယနေ့ နံနက်(၉)နာရီက ပုဏ္ဏားကျွန်းမြို့နယ် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ စစ်တွေပရဟိတမိတ်ဆွေများ ဖောင်ဒေးရှင်းမှ သောက်သုံးရေများ လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းပေးခဲ့ရာတွင် စစ်တွေပရဟိတ မိတ်ဆွေများ ဖောင်ဒေးရှင်းမှ လျှပ်စစ်မီး ပြတ်တောက် မှုကြောင့် သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးအတွက် သောက်သုံးရေ အခက်အခဲရှိသော ဘုန်းတော်ကြီးကျောင်းများနှင့် စက်မှုဇုံတိုက်ပွဲရှောင် ကယ်ဆယ်ရေးစခန်းများသို့ နေ့စဉ် သောက်သုံးရေများ လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် ပုဏ္ဏားကျွန်းမြို့ ဓမ္မမဏ္ဍိုင်ဘုန်းတော်ကြီး ကျောင်းတိုက်နှင့် စက်မှုဇုံတိုက်ပွဲ ရှောင်ကယ်ဆယ်ရေးစခန်းသို့ သောက်သုံးရေဂါလံ(၃၂၀၀)စီ လာရောက်လှူဒါန်းပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်တာဝန်ခံ ဦးဇော်သန်းထွန်း ထံမှ သိရသည်။
သတင်း - နီထွန်းအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment