ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေ ၂၄၀၀ ဂါလံလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေ ၂၄၀၀ ဂါလံလှူဒါန်း




MNP - မတ်   ၁၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု ခွေးပြုတ်ကျေးရွာနှင့် သပြေကန်တဲတိုက်သို့ ယနေ့ နံနက် ၉ နာရီအချိန်က သောက်သုံးရေဂါလံ ၂၄၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေ အလှူတော် အသင်းထံက သိရသည်။

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု ခွေးပြုတ်ကျေးရွာနှင့် သပြေကန်တဲတိုက်သို့ သောက်သုံးရေဂါလံ ၂၄၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေ လိုအပ်လျက် ရှိသော တဲတိုက်များ၊ ကျေးရွာများအတွက် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ လှူဒါန်းပေး လျက်ရှိရာ ယခုလှူဒါန်းသည့် ခွေးပြုတ်ကျေးရွာအတွက် ၈၀၀ဂါလံနှင့် သပြေကန်တဲတိုက် အတွက် ၁၆၀၀ ဂါလံ လှူဒါန်းခဲ့ပြီးဖြစ်ရာ သောက်သုံးရေဂါလံ ၁၀၄၂၀၀ ညောင်ဦးမြို့နယ် သောက်သုံးရေ လိုအပ်နေသော ကျေးလက်ပြည်သူများအား ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရ သည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)