မြိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိန်း ၁၂၀၀ကျော်ဖိုး ဖမ်းမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိန်း ၁၂၀၀ကျော်ဖိုး ဖမ်းမိ





MNP ၊ မတ် ၁၃

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် မတ် ၁၁ ရက်က ကျပ်သိန်း ၁၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ ခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲမှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲမှ တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် သတင်းအရ သက်သေများ နှင့်အတူ မြိတ်မြို စန္ဒဝတ်ကျေးရွာအုပ်စု စန္ဒဝတ်ကျေးရွာ ဘုန်းကြီးကျောင်းလမ်းတွင် ရေမြစ်ကြီးကျေးရွာဘက်မှ ကျွဲကူးကျေးရွာဘက်သိုလမ်းလျှောက် လာသူ အောင်နိုင်ဦး (ခ) အိသိန်းအား ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀(ကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၉၀)အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထိုအတူ မြိတ်မြို့ သာရမဲကျေးရွာမြိတ်-တနင်္သာရီသွားကားလမ်းတွင် တောင်ပုလဲကျေးရွာဘက် မှ သာရမဲကျေးရွာဘက်သို့ မင်းထိုက်မောင်း နှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀၀ (ကာလ ပေါက်ဈေးတန်ဖိုး ငွေကျပ် သိန်း ၆၀၀)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ ကြောင်းသိရသည်။

အလားတူ မတ် ၁၁ ရက် မွန်းလွဲ ၂ နာရီတွင် မြိတ်မြိုကန်ကြီးရပ်ကွက် သဲကွင်းကုန်တိုက် အနောက်လမ်းတွင်  လမ်းလျှောက်လာသူ ဇေယျာထက်အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀ (ကာလပေါက်ဈေးတန်ဖိုး ငွေကျပ်သိန်း ၁၂၀၀)အားတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေး ဝါးများနှင့်စပ်လျဉ်း၍ အောင်နိုင်ဦး(ခ)အိသိန်း (၃၆) နှစ်၊ မင်းထိုက်(၃၈)နှစ်နှင့် ဇေယျာထက် (၂၃)နှစ်တိုအား မြိတ်မြိုမ ရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုများရေးဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များဖော်ထုတ်လျက်ရှိ ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)