တောင်ကြီးမြို့၌ မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့၌ မီးလောင်မှုဖြစ်ပွား



MNP - မတ်    ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်၊ နယ်မြေ(၁၂)၊ ညောင်ပင်သာလမ်းတွင် ယနေ့ ည ၇ နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ နေအိမ်အိပ်ခန်းတွင် လူမရှိဘဲ ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

မီးလောင်မှုဖြစ်ပွားရာသို့  ပြည်နယ် မီးသတ်ဦးစီးဌာန ဒုတိယပြည်နယ်မှူး ဦးထွန်းထွန်းစိုး ဦးဆောင်သော ခရိုင်၊ မြို့နယ် သ‌န္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ၇၀ ဦး၊ မီးသတ်ယာဉ်နှင့် ရေသယ်ယာဉ် ၈ စီးသွားရောက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် လူနေအိမ်တစ်လုံးဆုံးရှုံးခဲ့ကြောင်းနှင့် လူနှင့် တိရစ္ဆာန်ထိခိုက် သေဆုံးမှုမရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)