MNP ၊ မတ် ၆
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်း ကို မြို့နယ် မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များက ယမန်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း နှိုးဆော် ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးတင်စော ဦးဆောင်၍ တပ်ဖွဲ့ဝင် များ က ယခုအခါပွင့်လင်းရာသီသို့ ရောက်ရှိနေပြီဖြစ်ပါသဖြင့် မိဘပြည်သူများ၊ ကလေးသူငယ်များ၊ သက်ကြီး ရွယ် အို များ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ/ရုံး များတွင် မီးဘေး လုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှ ချမှတ် ထားသော စည်း ကမ်း ချက်များနှင့် လိုက်နာ ဆောင်ရွက် ထား ရှိကြရန် နှင့် မော်တော်ယာဉ်များ၊ စက်သုံး ဆီဆိုင်များ၊ ဟိုတယ်များ၊ တည်း ခိုရိပ် သာများ၊ ဌာနဆိုင်ရာ ရုံးအဆောက် အဦ များ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပုဂ္ဂလိကရုံးများ၌ မီးဘေး ကြိုတင် ကာကွယ်ရန် ထားရှိအပ်သော ရှေးဦး မီးငြှိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူး များ တပ်ဆင် ထား ရှိ ကြရန် လို အပ်ကြောင်း နှင့် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ပြည်သူ့လူထုများ သိရှိနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များ အတွင်း အသိပေးလိုက်လံ နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
သတင်း - သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment