MNP - မတ် ၁၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေး နှင့် ပြန်လည်ကုစားရေးကော်မတီ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ဒလမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ဒလမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော် အဖွင့်အမှာစကား ပြောကြား ခဲ့သည်။ ထို့နောက် ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရာ ရန်ကုန်တောင်ပိုင်းခရိုင် လူမှုဝန်ထမ်း ဦးစီးဌာနရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်သီတာအောင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေး အလုပ်သမားများနှင့် ပတ်သက်၍လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်ပေးနေသည့် အခြေအနေများကိုလည်းကောင်း၊ မြို့နယ်ဥပဒေရုံးမှ ဒု-ဥပဒေအရာရှိဦးနေလင်းဇော်က အဆိုးရွားဆုံးပုံစံ ဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမား များနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ မြို့နယ်လူမှုဖူလုံရေးအရာရှိ ဒေါ်တင်နွယ်လင်း က လူမှုဖူလုံရေး အဖွဲ့မှ အလုပ်သမားများနှင့် ပတ်သက်၍ ဆောင်ရွက်ပေးနေသည့်အခြေအနေ လုပ်ထုံး လုပ်နည်းများ အကြောင်း၊လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအုပ်မျိုးလွင်က လူကုန် ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ဥပဒေ၊ နည်းဥပဒေ၊ အလုပ်သမားများ ရွှေ့ပြောင်း အလုပ်သမားများနှင့်ပတ်သက်သည့် ဉပဒေ၊နည်းဥပဒေ၊ ပြစ်မှုပြစ်ဒဏ် များအားလည်းကောင်း ၊မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်အောင်က မြို့နယ် စည်ပင် သာယာရေးကော်မတီမှ စက်ရုံအလုပ်ရုံဓဈးဆိုင်များအတွက် ပြဌာန်းထားသည့် ဉပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းအရ ဥပဒေ၊ နည်းဥပဒေ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း ရှင်းလင်း ပြောကြားခဲ့ကြကြောင်းသိရသည်။
ဆက်လက်၍ တက်ရောက်လာသူများမှ သိလိုသည်များ မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့သည်။လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်သီတာအောင်က နိဂုံးချုပ်အမှာစကားနှင့် ကျေးဇူးတင် စကားပြောကြား ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီ၊ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ကျေးရွာနေ ပြည်သူများ စားသောက်ဆိုင်ပိုင်ရှင်များလည်း တက်ရောက်ခဲ့ကြကြောင်းသိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment