MNP - မတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသည့် ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝ လွှမ်းခြုံနိုင်စေရန် ရည်ရွယ်၍ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများရှိ ပြည်သူများအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး ဌာနဆိုင်ရာတာဝန်ရှိသူများဖြင့် ကြီးကြပ်အဖွဲ့များ ဖွဲ့စည်း၍ ကျေးရွာများ အရောက် ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အတွင်း အသက်(၁၈)နှစ် ပြည့်ပြီးသူများအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေး များအား ဧပြီလအတွင်း ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး ဌာနဆိုင်ရာ တာဝန်ရှိသူများဖြင့် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းကာ ကာကွယ်ဆေးထိုးစုရပ် (၁၁)နေရာခွဲ၍ ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ (၁၆၆၇၄၇)ဦးရှိရာ ယနေ့အထိ ကာကွယ်ဆေးထိုးနှံ ပြီးစီးသူ (၁၁၀၁၇၀) ဦးဖြစ်ပြီး (၆၆.၁)ရာခိုင်နှုန်း ထိုးနှံပြီးစီးပြီဖြစ်၍ ကျန်ရှိသူများအားလုံး ဧပြီလအတွင်း ကာကွယ်ဆေးများ ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ကြီးကြပ်ရေးအဖွဲ့များက ကျေးရွာများအရောက် ကွင်းဆင်း၍ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများမရှိစေရေး ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ရွှေဒေးသူ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment