နေပြည်တော်ကောင်စီနယ်မြေရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ရွှေကြာသင်္ကန်းတော်ကပ်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေ ကဇာတင်ခြင်း မဟာမင်္ဂလာ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီနယ်မြေရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ရွှေကြာသင်္ကန်းတော်ကပ်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေ ကဇာတင်ခြင်း မဟာမင်္ဂလာ ကျင်းပပြုလုပ်


MNP ၊ မတ် ၁၆

နေပြည်တော်ကောင်စီနယ်မြေရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၄)ကြိမ် မြောက် ဗုဒ္ဓပူဇနိယပွဲတော် ရွှေကြာသင်္ကန်းတော်ကပ်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း မဟာမင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ် ကြီးလှိုဏ်တော်အတွင်းပြုလုပ်ရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဥပ္ပါတသန္တိစေတီတော် လှိုဏ်တော်အတွင်း၌ ကိန်းဝပ်စံပယ်တော်မူသည့် မဟာမဏိမယရတနာကျောက်စိမ်း ဗုဒ္ဓရုပ်ပွားတော်လေးဆူနှင့် မဟာဆုတောင်းပြည့်ဘုရားကြီးတို့အား ရွှေကြသင်္ကန်း ကပ်လှူပူဇော်ကြပြီး ဗုဒ္ဓရုပ်ပွားတော်များအား ဆွမ်း၊ သစ်သီး၊ ပန်းမန်နှင့် သောက်တော်ရေချမ်းများ ဆက်ကပ်ပူဇော်ကြသည်။

ထို့နောက် သံဃာတော်များ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဗုဒ္ဓါဘိသေက အနေ ကဇာတင် ဆင်ယင်ကျင်းပခြင်းနှင့် ကုသိုလ်တော်မင်္ဂလာဆည်းပူးခြင်းကို ဆက်လက် ဆောင်ရွက်ကြပြီး ဗုဒ္ဓပူဇနိယပွဲတော် ရွှေကြာသင်္ကန်းတော် ကပ်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါ ဘိသေက အနေကဇာတင်ခြင်းမင်္ဂလာကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)