လားရှိုးမြို့ရှိ ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော်မြတ်ကြီး၏ (၁၆)ကြိမ် မြောက် ဗုဒ္ဓပူဇနယပွဲတော် ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူခြင်းနှင့် ရွှေကြာသင်္ကန်း ကပ်လှူပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့ရှိ ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော်မြတ်ကြီး၏ (၁၆)ကြိမ် မြောက် ဗုဒ္ဓပူဇနယပွဲတော် ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူခြင်းနှင့် ရွှေကြာသင်္ကန်း ကပ်လှူပူဇော်



MNP ၊ မတ် ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦး စေတီတော်မြတ်ကြီ၏ (၁၆)ကြိမ်မြောက် ဗုဒ္ဓပူဇနယပွဲတော် ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူခြင်းနှင့် ရွှေကြာသင်္ကန်းကပ်လှူပူဇော်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ ဇမ္ဗူအေးအေတီတပ်ဦးပရိယတ္တိစာသင်တိုက် ဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဥတ္တမ အမှူးပြု သောသံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့မြောက်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ သံဃာတော်များက ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဗုဒ္ဓါဘိသေက အနေကဇာ တင်တော်မူကြပြီး ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးများ ကပ်လှူပူဇော်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျောင်းထိုင်ဘုန်းကြီးသင်ကျောင်း ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပါမောက္ခ ထံမှ ကိုးပါးသီလခံယူဆောက် တည်ကြပြီး သံဃာတော်များထံမှ မေတ္တာသုတ် ပရိတ်တရားတော်များ နာယူကြသည်။

ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက စေတီတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ရွှေကြာသင်္ကန်းများ ကပ်လှူပူဇော်ကြပြီး သံဃာတော် များအား နဝကမ္မအလှူငွေများ၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ဇမ္ဗူအေး အေတီတပ်ဦးကျောင်း ဆရာတော်ထံမှ အနုမောဒနာတရား နာယူကြသည်။

၎င်းနောက် လားရှိုးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၄၅ ကျောင်းမှ သံဃာတော် များအား တိုင်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ စုပေါင်း၍ ဆွမ်းဆန်စိမ်းများ ဆက်ကပ်လောင်းလှူကြပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်း ကြသည်။

အလားတူ တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာများ နှင့် ဒေသခံတိုင်းရင်းသားပြည်သူများကလည်း လားရှိုးမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်း ၄၃ ကျောင်းမှ သံဃာတော် ၂၅၀ ပါးနှင့် သာသနာနွယ်ဝင်သီလရှင် ၆ ပါးတို့ကို လားရှိုးမြို့ ဆုတောင်းပြည့်မန်ဆူဘုရားကြီး၌ အရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းကြ ပြီး ပဒေသာပင် ၃၇ ပင်အား စာရေးတံမဲဖောက်ခြင်းနှင့် ဆွမ်းဆန်စိမ်းများ လောင်းလှူ ပူဇော်ခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)